" Tears of Cherry "
Episoode ~10
မနက်မိုးလင်းလေတော့ ကွေးကွေးလေး အိပ်ပျော်နေသော ဝိညာဉ်ငယ်လေးကို တွေ့လိုက်ရသည်...
အဝတ်အစားကတော့ သူလေး၏ နဂိုအဝတ်အစားဖြင့်သာ...မိမိဆင်ပေးထားသော shirt ပွကြီးမဟုတ်တော့...
ထူးဆန်သည်က ညကလို လူကဲ့သို့အကောင်အထည်လိုက်မမြင်ရတော့... အရိပ်တစ်ခုလိုသာ ပုံရိပ်လေးကို ခပ်ဝါးဝါးမြင်ရလေသည်....
ခဏကြာတော့ မျက်လုံးလေးပွင့်ကာ နိုးလာလေသည်...
" နိုးပြီလား ဟျွန်းလေး..."
" ဟုတ် ယောလ်.. "
အသံဟာလည်း ညတုန်းကလိုမဟုတ်တော့ ပဲ့တင်သံ တစ်ခုကဲ့သို့ ဖြစ်နေလေသည်..
" မအံ့ဩပါနဲ့ ယောလ် အခုက နေ့ဘက်လေ ဝိညာဉ်တွေက နေ့လည်ဘက်က စွမ်းအားမရှိနိုင်ဘူးလေ...."
အင်း...ဟုတ်သားပဲ အဲ့လိုတော့ ကြာဖူးသား...ဒါပေမယ့် အဲ့လိုကြီးကျ ရင်ထဲ ဝမ်းနည်းစိတ်ကကြီးစိုးလာသလို ဆို့တက်လာသည်...
" ဒါနဲ့ ဟျွန်းက ဘာလို့ ကိုယ်ပေးတဲ့ အင်္ကျီကို မဝတ်ပဲ အရင်ဟာကို ပြန်ဝတ်ထားတာလည်း..."
" ဒါက ယောလ်သေချာမစဉ်းစားမိလို့နေမှာပါ....ယောလ်သေချာနားထောင်ပြီး စဉ်းစားကြည့်နော် ...ယောလ်လည်း ပညာတတ်တစ်ယောက်ဆိုတော့ နားလည်မှာပါ... "
" အင်း ပြောလေဟျွန်း...".
" ဟျွန်းက သေပြီးသားလူလေ ဘယ်လိုလုပ်မိုးရေစိုမှာလည်း ယောလ်ရဲ့....ညက မှောင်မှောင်မဲမဲနဲ့ဆိုတော့ ယောလ်က ကျနော့ကို ရေတွေစိုလိမ့်မယ်ထင်သွားတာလေ... အဲ့ဒါကြောင့် ကျနော် အင်္ကျီလဲဖို့ငြင်းဆန်ခဲ့တာ... နောက်ပြီး သေပြီးသားလူတွေဆိုတာလေ မိသားစု ဆွေမျိုးမိတ်ဆွေတွေက အဲ့လူအတွက်ရည်စူးပြီး အဝတ်အထည်လှူဒါန်းမှ အဝတ်အစားရတာမျိုးလေ လူလို အင်္ကျီလဲလို့မှမရတာ....ဒါပေမယ့် ယောလ်စိတ်ကျေနပ်အောင် ဝိညာဉ်တစ်ယောက်ရဲ့ မဆိုစလောက် အစွမ်းလေးနဲ့ မျက်စိလှည့်စားလိုက်ရုံသက်သက်ပါ....ဒါပေမယ့် ကျနော် ယောလ်ကို လှည့်စားတာမဟုတ်ဘူးနော်.... စိတ်ကျေနပ်အောင် ကြိုးစားရုံပါ..."
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...