^^TOC~5^^

1.4K 168 10
                                    

" Tears of Cherry "
°°°°°°°°°°••••••°°°°°°°°°
Episoode ~ 5

" Yeol သခင်ကြီးရဲ့ စိတ်ကို ငါဘယ်လိုမှ နားမလည်နိုင်တော့ဘူး...Chanyeol "

" ချယ်ရီစံအိမ်တော်မှတ်တမ်း " စာအုပ်ကို Sehun တစ်ယောက် Chanyeol နှင့်အတူတူ.ဖတ်ကြည့်နေရာမှ ခေါင်းကုတ်ရင်း ဆိုလာခဲ့သည်....
အမှန်တကယ်ဆို....Chanyeol ကိုယ်တိုင်လည်း သခင်ကြီးစိတ်ကို ခန့်မှန်းရန် တကယ်မလွယ်.....စိတ်ထဲတွင် လှေနံနှစ်ဖက်နင်းနေသလိုလို...မပြတ်သားသလိုလို....တစ်ယောက်ကို ၁၅၀၀ နဲ့ချစ်ပြီး တစ်ယောက်ကို ၅၂၈ ချစ်သလိုလို ဝေခွဲမရ ဖြစ်နေရလေသည်....

" ဆက်ဖတ်ကြည့်မယ်လေ Sehun ရာ...ဟိုအဘပြောတာတော့ သူ့အဖွားက စိတ်ဖတ်နိုင်တဲ့အပြင် နတ်ဆရာတို့တတ်အပ်တဲ့ ပညာတွေ မျိုးရိုးအမွေရထားတာဆိုတော့ Yeol သခင်ပြီးစိတ်ကို သူဖတ်မိသလောက်တော့ ရေးထားမှာပါ.....ငါတို့ ဆက်ဖတ်ကြည့်ကြည့်တာပေါ့...."

"အေးကွာ..ဆက်ဖတ်တာပေါ့..."

Chanyeol နှင့် Sehun နှစ်ယောက်လည်း " ချယ်ရီစံအိမ်တော်မှတ်တမ်း " စာအုပ်ကို ဆက်ဖတ်ကြည့်ရင်း......စိတ်အစဉ်တို့သည်လည်း လွန်ခဧ့သော နှစ်ပေါင်း တစ်ရာ့ငါးဆယ်သို့.........

***********************************

၁၈၆၈ မေလ ၁၃ ရက် ၊ ချယ်ရီစံအိမ်တော်
^^^^^^^^^^^^^^^^^^^^^^^^^^

" Choiအထိန်းတော်ကြီး..... Choi်အထိန်းတော်ကြီး....အခုချက်ချင်းထွက်လာခဲ့စမ်းပါ... Choi အထိန်းတော်ကြီး..."

အထိန်းတော်ကြီးလည်း မိမိ နာမည်အား Byun သခင်မလေး Nabi အသည်းအသန် အော်ခေါ်မှုကြောင့် ....သခင်မလေး၏ အဝတ်များအား ကြွေတိုက်ပေးနေရာမှ အပြေးထွက်လာခဲ့လိုက်ရလေသည်...

" သခင်မလေး...ကျမ ဒီမှာပါ..ဘာတွေ ဖြစ်လာတာလည်း.....ဟင်.... မျက်နှာလည်း မကောင်းပါလား..."

" Choiထိန်းတော်ကြီး ပြောတော့... အထိန်းတော်ကြီးရဲ့ အသိ နတ်ဆရာဆီက ပီယဆေးက အစွမ်းပြလိမ့်မယ်ဆို....ကျမကို Yeolသခင်ကြီး က ချစ်လာပါလိမ့်မယ်....စိတ်ဝင်စားလာပါလိမ့်မယ်ဆို....
အခုတော့...ဟိုကောင်လေး မွေးနေ့ကလည်း ကျမကို လက်စွပ်ပေး ချီးကျူးတာမှန်ပေမယ့်..... အဲ့ကောင်လေးကို တယုတယ ပန်းပန်ပေးတာ ကျမသဘောမကျသလို.....

" Tears of Cherry " [ Chanbaek ]Where stories live. Discover now