" Tears of Cherry "
Episoode ~ 2
မနက်ခင်းလေနုနုတို့ကို မျက်နှာမူရင်း ချန်းယောလ်တစ်ယောက် အိမ်အိုကြီး၏ ဝရံတာတွင် ယောင်နန ရပ်နေမိသည်...
သူ၏ စိတ်အစဉ်က ညက အိပ်မက်ယောင်ယောင် လက်တွေ့ယောင်ယောင်ဖြစ်နေသော ကိစ္စအပေါ် စိတ်ဝင်စားနေသည်မဟုတ်ပါလား..." ငါ..သေချာမြင်လိုက်တာပါ..."
တစ်ကိုယ်တည်း ရေရွတ်ရင်း ချယ်ရီပင်ကြီးဆီ အကြည့်အရောက်... အိပ်မက်ထဲက ကောင်လေး၏ suit ၌ ထိုးထားသော ချယ်ရီခက်တစ်ခက်ကို ယခုမှ ပြန်အမှတ်ရမိသည်...
"အင်း.... ချယ်ရီတွေကို ငါ စိတ်စွဲလို့ ဒီလို အိပ်မက်တွေ မက်တာ နေမှာပါ...."
ကိုယ့်ကိုကိုယ် နှစ်သိမ့်ရင်း ဆင်ခြေလျှော မရောက်တရောက်မှာ ရှိနေတယ့် ချယ်ရီပင်ကြီးအောက်က ယိုင်နဲ့နဲ့ ကွပ်ပျစ်လေးမှာ ချန်းယောလ် ထိုင်ပြီး လေအဝှေ့မှာကြွေနေသော ချယ်ရီပွင့်ဖတ်တို့အား လေထဲမှ မြေပေါ်မကျခင် လှမ်းဖမ်းဆုပ်ပြီး ဘေးနားတွင် အသင့်ယူလာသော ဝါးခြင်းငယ်လေးအတွင်း ထည့်ထာားမိသည်...
ချန်းယောလ်သည် ချယ်ရီတို့ကို ချစ်မြတ်နိုးသည်... ပွင့်ဖတ်လေးတွေကို သဘောကျသည်...သို့သော်.. ဘာကြောင့်မသိ ငယ်ငယ်တည်းကပင် ချယ်ရီတို့ကို ချစ်သော်ငြားလည်း မြင်လျှင် အလိုလို ဝမ်းနည်းတတ်သည်...
" ကောင်လေး...မင်းက ဆာကူရာ စံအိမ်တော်နဲ့ ဆွေမျိုးတော်လား..."
ထိုင်နေစဉ် ရုတ်တရတ်မေးလာသော အသံတစ်စုံကြားရ၍ အသံပိုင်ရှင်ကို ကြည့်မိလေတော့ အသက် ၈၀ ကျော် ၉၀ ခန့်ရှိမည့် အဖိုးအို တစ်ယောက်က အိမ်ကြီးတ်ာရှိရာ ကုန်းမြင့်အောက် လူသွားလမ်း ဆင်ခြေလျှော မှ နေ၍ မိမိအား မေးနေခြင်းပင်...
" ကျနော့ကို မေးတာလားဟင် အဘ "
ကိုယ့်ကိုကိုယ် လက်ညှိုးထိုးပြကာ မေးကြည့်လေတော့ ထိုအဘိုးအိုက ခေါင်းကို ငြိမ့်ပြရင်း ကျနော်ထိုင်ရာ ချယ်ရီပင်အောက်သို့ တစ်လှမ်းချင်းစီ တောင်ဝှေးကို အားပြုရင်း လျှောက်လာလေသည်...
" မဟုတ်ဘူးအဘ... အဲ့စံအိမ်နာမည် ကျနော် ကြားတောင်မကြားဖူးဘူး...ကျနော်က ဒီကမဟုတ်ဘူး ဆိုးလ်ကပါ "
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...