" Tears of Cherry "
°°°°°°••••••••°°°°°°°°
Episoode ~ 13
ဖြူလွှလွှ အပြင်အဆင်တွေကြား.... ဖြူလွှလွှ ပန်းတွေကြားမှာ လှချင်တိုင်းလှနေတဲ့ Noona...ဗြောင်နာဘီ...
အဖြူရောင် ကိုယ်ကျပ်ဂါဝန်ကို အောက်ခြေတွင်ကားသွားသောပုံစံလေးနဲ့ ယဉ်ယဉ်လေး...
ခါးကျော်အောင်ရှည်သော ဆံပင်တို့ကို ကျစ်ဆံကျစ်ကာ ပုလဲများနှင့် အလှဆင်ထားလေသည်...
လှလိုက်တာ.... သခင်ကြီးယောလ် အနေနဲ့ ဒီလိုမိန်းကလေးမျိုးကို လိုလိုလားလား လက်ဆက်သည်မှာ မမှားလေဘူးမဟုတ်လား...
ကျနော့လို ဘာမှမက်လောက်စရာမရှိတဲ့ လူထက်စာရင်လေ....
" သားငယ်... ယော်ကို ပြင်ဆင်ပေးနေတဲ့ အခန်းကို ဒါလေးသွားပေးပေးပါလား..."
အဟက်... ကံကြမ္မာက ရင်နာစရာကောင်းလိုက်တာ...
ကိုယ့်အသက်လောက် ချစ်ရတဲ့သူက အခြားအမျိုးသမီးတစ်ယောက်ရဲ့ သတို့သားဖြစ်တော့မယ့် အချိန်မှာ ..
သတို့သားတစ်ယောက်၏ ပြည့်စုံမှုကို ထောက်ပံ့ပေးမည့် စိန်ခါးပတ်ကို ကျနော်က သွားပေးရမယ်တဲ့လား....
" Nae...appa "
စိန်ခါးပတ်ကို ယူုပြီး အိမ်ပေါ်သို့ တက်လာခဲ့သည့် လမ်းတစ်လျှောက် မျက်ရည်တို့ကြောင့် မြင်ကွင်းတို့ဟာ ဝေဝါးလျှက်...
စံအိမ်၏ လှေကားသည်လည်း ယနေ့ကျမှ ပိုရှည်နေသယောင် လျှောက်ရသည့် ခြေအစုံမှာလည်း ဆက်လျှောက်ရန်ပင်အနိုင်နိုင်...
ပေါ်ထပ်သို့အရောက်... သတို့သားအားပြင်ဆင်ပေးနေသည်ဟူသော အခန်းတံခါးလေးအား တွန်းဖွင့်လိုက်လေတော့ ခန့်ညားလှသည့် သတို့သားလောင်းကိုမြင်လိုက်ရသည်...
အဖြူရောင် ရှပ်အကျီင်္အပေါ် ဆင်စွယ်ရောင်ကုတ်အင်္ကျီုကို ထပ်ဝတ်လျှက်..
လည်ပင်း၌ကား အဖြူရောင် လည်စည်းဖဲပြားက နေရာယူထားသည်...
အဖြူရောင်ဘောင်းဘီနှင့် အနက်ရောင် walking shoes က ပနံတင့်စွာ...
နက်မှောင်၍အုံကောင်းသော ဆံပင်တို့ကို hair up လုပ်ထား၍ တည်ကြည်ခန့်ညား၍ ချောမောလှသော ရုပ်ရည်နှင့် တကယ်ပင် လိုက်ဖက်လွန်းလှသည်...
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)