" Tears of Cherry "
°°°°°°°°°°°°°°°°°°°°°
Episode ~16"Baek ရေ Baek..."
Chanyeol တစ်ယောက် ရေချိုးခန်းထဲမှထွက်ထွက်ချင်း ချစ်လှစွာသော အိပ်ပုပ်လေးကို အော်နှိုးသော်ငြား ကိုယ်တော်လေးက တုပ်တုပ်တောင်မလှုပ်..
စောင်ပုံကြားထဲပျောက်နေအောင် အိပ်နေလေသည်.." Baek ရေလို့...ထကွာ.."
ကောင်ဆိုးလေး၏ အလိုက်ကိုသိစွာ စောင်ပုံထဲ အတင်းတိုးကဖက်လိုက်တော့ တခိုးခိုးတခစ်ခစ်ရယ်သံလေးတွေ ပျံလွင့်လာလေသည်..
" Baek ah ထတော့ကွာ..ဆာကူရာပင်တွေအောက် သွားထိုင်မယ်.."
"မသွားဘူးဗျာ ကျနော်က ချယ်ရီတွေပဲ ချစ်တာ.. ဆာကူရာတွေလည်းမချစ်ဘူး...ဆာကူရာတွေရဲ့ သခင်ကိုလည်းမချစ်ဘူး.."
နှုတ်ခမ်းလေးဆူကာပြောနေပုံက ချစ်စဖွယ်အတိ
ချယ်ရီသခင်လေးပီသစွာ ချယ်ရီရောင်နှုတ်ခမ်းပါးလေးကို ထော်စူကာ ပြောပုံက သခင်ကြီးယောလ်ဆိုသည့် မိမိအား သမာဓိ စမ်းနေသယောင်
" Baek... မကောက်တတ်ပဲ မကောက်စမ်းပါနဲ့ကလေးရာ လာ ရေချိုးပေးမယ်"
" andwel O_o"
ရေချိုးပေးမည်လည်းဆိုလေရော အရှက်ကြီးသူ ကလေးငယ်က စောင်ပုံမှ အတင်းရုန်းထွက်ကာ ရေချိုးခန်းသို့ ပြေးလေတော့သည်...
သခင်ကြီးယော်မှာ ကုတင်ပေါ်ငုတ်တုတ်ကြီးနှင့် ပြုံးပြုံးကြီးကျန်ခဲ့လေသည်
*ဒီကလေးလေးတကယ်ကို အူယားစရာလေး *
ရေချိသစ်သားစည်ထဲကကောင်လေးသည်လည်း ရှက်ပြုံးလေးနှင့် ပြုံစစဖြစ်နေခဲ့သည်..
* ယောလ်က တကယ်.. လူကိုရှက်အောင် ^-^*
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မနက်ခင်းရဲ့ လေအေးအေးအောက် ချစ်ရသူရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရတာလောက် ကြည်နူးဖို့ကောင်းသည်မရှိတော့...မိုးပြာရောင်လွင်လွင် ခေါင်စွပ်လက်ရှည်ပွပွလေးကို ဖြူလွလွဘောင်းဘီလေးနှင့် တွဲဖက်ဝတ်ထားသော သခင်ဗြောင်ကို သခင်ကြီးယောလ်တစ်ယောက်တစ်စိမ့်စိမ့်ထိုင်ကြည့်နေမိသည်
လေပြေညှင်းကြောင့် နဖူးပေါ်ဝဲကျနေသည့် ဆံနွယ်တို့ကို လက်ဖြင့်သပ်တင်ပေးလေတော့ မျက်ဝန်းအစုံတို့ကိုမှိတ်ချကာ ပီတိပြုံးလေးပြုံးနေလေသည်..
" ငယ်...မင်းက ဆာကူရာတွေနဲ့တူတယ်.."
"ဟင့်အင်း ကျနော်က ချယ်ရီတွေနဲ့တူတာ..."
" အဟား ဆိုးလိုက်တာ.."
" မဆိုးပါဘူး.. ကျနော်က ချယ်ရီတွေပဲ ချစ်တာ.. နောက်ပြီး ငယ်လို့ မခေါ်နဲ့တော့"
" Wae ဘာလို့မခေါ်ရတော့မှာ"
" ဟီး...ကျနော်က ချွဲနွဲ့နေတာထက် ကိုယ့်ချစ်သူကို တက်နိုင်သလောက် ထက်ထက်မြက်မြက် နဲ့ ဝိုင်းကူပေးနိုင်တဲ့သူဖြစ်ချင်တာ.. နွဲ့တာဆိုးတာတွေက အိမ်မှာထားခဲ့လိုက်ပြီ ..Byun..အင်း Byun လို့ပဲခေါ်တော့"" ဟာ..ချစ်လိုက်တာ "
ရင်ခွင်ထဲမြုပ်နေအောင် ဖက်ထားလိုက်တော့ ပြန်တင်းကျပ်အောင်ဖက်တွယ်လာသော ကောင်လေးသည် ချစ်စရာအတိ...
ဒီကလေးကို အတိုက်အခံတွေကြားကနေ အပိုင်ရအောင် ကြိုးစားခဲ့သည်မှာ သွားခဲ့ပြီ..
တကယ်မြတ်နိုးတန်ဖိုးထားဖွယ်ရာ ကလေးလေးပင်..." ယောလ်... ဆာကူရာတွေက ဘာလို့ကျနော်နဲ့တူတာလဲဟင်"
" ဆာကူရာတွေက နုနယ်တယ် ဖြူစင်တယ် လှပတယ် ဗြောင်နဲ့သိပ်တူတာပဲ "
" ထင်လို့ယောလ် ဗြောင်ဘတ်ဟျွန်းဆိုတဲ့ ကျနော်က ဆူးရိုင်းရှိတဲ့ နှင်းဆီနဲ့တူတယ်
အမြတ်တနိုးတန်ဖိုးထားတဲ့သူအတွက် လှပကောင်းလှပပေးနိုင်ပေမယ့် အညှိုးတကြီးဆုပ်ကိုင်တဲ့သူကိုဆို သွေးမြေကျစေတယ် "ပြုံးပြုံးလေး ပြောလိုက်ပေမယ့် သွေးအေးတဲ့အငွေ့အသက်တွေပါနေတာကြောင့် သခင်ကြီးယောလ် အထင်မသေးရဲတာတော့အမှန်..
ဖြူဖြူပျော့ပျော့လေးဟု ထင်ထားခဲ့သော ဘတ်ဟျွန်း၏ reality ကား ထင်ထားသည်ထက် ယောက်ျား ဆန်လွန်းသည်..
" တကယ်လို့သာ ခင်ဗျားက ကျနော့ကိုထားခဲ့ရင် ခင်ဗျားကိုသတ်ချင်သတ် မသတ်ရင် ကိုယ့်ကိုကိုယ် သတ်သေမှာ ယောလ်
ကျနော်မလုပ်ဘူးမမှတ်နဲ့"°°°TBC°°°
ဟေး...အကြာကြီးစောင့်ပြီးမှ တိုတိုလေး တင်ပေးတယ် ဒီစာရေးတဲ့မိန်းမဆိုးလိုက်တာနော် 😁
ကဲ စာဖတ်တဲ့သူတွေ မှတ်မိကြသေးရဲ့လားလို့ လာတီးခေါက်တာပါရှင့် ♥
မနက်ဖြန်ရှည်ရှည်လေးတင်ပေးပါ့မယ် 😙
Luv ya ♥#EaintThiriAung
#real_etra 💫💫💫
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...