" Tears of Cherry "
°°°°°°°°°°°°°°°°°°°°°°°
Episoode ~8မူးမိုက်တဲ့ ခံစားချက်လိုလို အိပ်မက်ထဲ လမ်းလျှောက်နေသူလိုလို ဖြစ်နေတဲ့ ခံစားချက်ကို ခံစားနေရသည့် သခင်ကြီးယောလ်၏ စိတ်အစဉ်သည် လေထဲဝိညာဉ်တစ်ခုလွင့်နေသလို ခံစားနေရရာမှ စုစည်းမိသလိုဖြစ်သည့်အခိုက်တွင်တော့ လူသည် ထူးဆန်းစွာ စံအိမ်တော်သို့အဝင်လမ်းဖြစ်သည့် တောင်ကုန်းပေါ်က Sakura တောထဲ အလိုလိုရောက်နေမိရက်သားဖြစ်နေလေသည်....
ရာသီဥတုက နှင်းတွေကျနေသည်.... ဒီလိုရာသီဥတုနှင့် မိမိက ဒီနေကို မည်ကဲ့သို့ရောက်နေသနည်း....လုံးဝကို စဉ်းစား၍မရတော့....
လမ်းတစ်လျှောက်မှာ Sakura တို့ ကြွေနေသည်မှာ ပန်းခင်းလမ်းအလား...
နှင်းတွေနှင့် ဆာကူရာ ပေါင်းစပ်ခြင်းသည် တကယ်လှသည်....ကြွေကျနေသော ဆာကူရာတို့ကို လက်ခုပ်နှင့်ကောက်ယူလိုက်မိသည့်တစ်ခဏ....
မြင်လိုက်ရသည်က...ဆာကူရာနှင့် ပနံမသင့်လှသော သွေးစက်တွေ....
အသေအချာကြည့်မိမှ တစ်နေရာတည်းမဟုတ်....လမ်းတောက်လျှောက်...
သွေးစက်တို့လာရာလမ်းသည်လည်း မလွဲဧကန် စံအိမ်တော်ဘက်မှပင်....မိမိဘာမှန်းမသိဖြစ်သွားသည့်အခိုက်အတန့်အတွင်း စံအိမ်မှာ ဘယ်လို မကောင်းတဲ့ကိစ္စတွေ ရှိနေလေသနည်း....
"အစောင့်တွေ ဘယ်သူမှ မရှိကြဘူးလား..."
သခင်ကြီးယောလ်၏ ဩဇာသံအဆုံးမှာ အစောင့်ငါးယောက်တို့သည် အရှေ့၌ အသင့်ရောက်နေလေပြီးသား...
" ဒီ ဆာကူရာပေါ်က သွေးစက်တွေက ဘာတွေလဲ...ဟင်...စံအိမ်မှာ ဘာတွေဖြစ်နေပြီလဲ...ပြောစမ်း ...ဘာတွေဖြစ်နေတာလဲလို့ "
ဆာကူရာတို့ကို လက်ခုပ်ထဲထည့်ကာ မျက်နှာတွေရှေ့တိုးပြရင်း မေးနေသည့် သခင်ကြီးယောလ်ကို ကြောက်လွန်းလို့ အစောင့်တို့မှာ မော်တောင်မကြည့်ရဲ....
မဖြေရင် ဒဏ်ပေးလေဦးမည်..အမှန်တရားကို ဖြေပြန်ရင်လည်း... ဘယ်လိုအပြစ်ပေးခံရမည်မသိ ..
" ပြောလေ....ငါမေးနေတာကို... "
ဒေါသသံအရမ်းပါလာတဲ့ နောက်ဆုံး ခေါင်းဆောင်ဖြစ်သူက ဖြေရန်ဆုံးဖြတ်လိုက်ရတော့လေသည်...
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...