" Tears of Cherry "
••••••••••••••••••••••••Episoode ~6
တသိမ့်သိမ့်တုန်နေသော ကိုယ်လေးကို ဖက်ထားရင်းမှ Chanyeol ရင်အတွင်းပူပင်နေသော ခံစားချက်များက တစ်ပွေ့တစ်ပိုက်ပင်.... ဒီလိုဖြူစင်သောကလေး နှလုံးသားနုနယ်သော ကလေးကိုမှ ကံကြမ္မာက ရက်စက် ရက်သည်တဲ့လား.....
" ကျနော့ကြောင့် စိတ်ရှုပ်သွားပြီလား သခင်ကြီး ... meyan.."
မိမိရင်ခွင်တွင်းမှထွက်ကာ မျက်ရည်များနှင့်အတူ ရှိုက်သံဝဲဝဲလေးနှင့် ပြောလိုက်သော ကလေးငယ်ကြောင့် လက်တို့မှာ အလိုလို ပါးပြင်ပေါ်က မျက်ရည်ဥတို့ကို ဖယ်ပေးပြီးသား....
" ကလေးငယ်ကို ကိုယ့်ခံစားချက်တွေ အကုန်ပြောပြပြီးပြီလေကွာ... ကိုယ်တို့ကြားမှာ အားနာမှုဆိုတာမရှိစေချင်သလို သခင်ကြီးဆိုတဲ့ ဂုဏ်ပုဒ်လည်း မရှိစေချင်ဘူး..ငယ်"
" ငယ် ..."
ကိုယ်သူ့ကို ခေါ်သော နာမ်စားလေးကို ပြန်ရွတ်ကြည့်ရင်း အံ့ဩနေသော သူလေးမှာ ချစ်စရာအတိ...
" အင်း....ကိုယ်က ကလေးကို " ငယ် " လို့ မြတ်မြတ်နိုးနိုး ခေါ်ပါရစေ... ငယ် က ကိုယ့်ကို...
"ကို"လို့ အားကိုးတွယ်တာရာတစ်ခုလို ခေါ်ပေး...."စကားအဆုံးမှာ ကလေးငယ်မျက်ဝန်းလေးတွေ ပိတ်သည်ထိ ပြုံးလိုက်သည် ...
ကိုယ့်ရင်အစုံလည်း ထိုအချိန်မှာ အေးမြသွားခဲ့သည် ..***သိလားငယ်....ချစ်ခြင်းကြောင့်ဖြစ်တည်လာတဲ့ မြတ်နိုးခြင်းတွေမှာ ချစ်သူအပြုအမူတိုင်းဟာ သက်ဝင်ပန်းချီကားတစ်ချပ်လို ပဲ....
အဲ့လိုပဲငယ် ချစ်သူ့မျက်ရည်တွေဟာလည်း ရင်အစုံကို မီးလောင်တိုက်သွင်းစေတယ်..
အဲ့အတိုင်းပါပဲ ငယ်ရယ်... ကိုယ့်ကြောင့်ဖြစ်တည်လာတဲ့ ငယ့်ပျော်ရွှင်မှုတွေကို မြင်ရတိုင်း ရင်ထဲမှာ စမ်းရေမက အေးစေတယ်..
ကတိပြုပါတယ် ငယ်... ငယ့်မျက်ရည်တို့ဖြစ်တည်ရာဟာ...ကိုယ်မဖြစ်စေရပါဘူး....
ကိုယ်ကလေ... ငယ့်ပျော်ရွှင်မှုတွေကိုပဲ ဖန်တီးပေးချင်ခဲ့တဲ့ကောင်ပါ....
ခဲမှန်ဖူးတဲ့စာသူငယ်ဟာ... ထပ်နာကျင်မှာ ကြောက်ရှာမှာပေါ့ ငယ်....
ဒါပေမယ့် စိတ်အေးချမ်းသာ နေပါငယ်ရယ်.... ကိုယ်ဟာလေ....ကိုယ်ဖန်တီးတာမဟုတ်တဲ့ နာကျင်မှုနဲ့ ငယ်နာကျင်တဲ့အခါမှာတောင် ငယ်နဲ့ထပ်တူနာကျင်ပေးမယ့်သူမို့ ငယ့်ကို ဘယ်လိုနည်းနဲ့မှ စိတ်ဆင်းရဲအောင်မလုပ်မှာမို့. ..ဒီရင်ခွင်ထဲ အေးအေးချမ်းချမ်းနားခိုပါတော့ ကလေးငယ်ရယ်.....
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...