" Teras of Cherry "
°°°°°°°°°°°°°°°°°°°°°°°
Episoode ~ 7
စူးရှရှနေရောင်ခြည်က မိမိမျက်နှာပေါ် စူးရှရှ ကျရောက်လာသည်နှင့် အလျှောက် သခင်ကြီး Yeol တစ်ယောက် စိတ်အလိုမကျစွာ မျက်မှောင်ကျုံု့ပြီး နိုးလာခဲ့လေသည်....
စိတ်ထဲတစ်ခုခု ထူးဆန်းနေသည်မို့ ဘေးဘီကြည့်မိတော့ မိမိ၏ဘေး၌ ပါးစပ်ပိစိလေးကို ဖွင့်ဟပြီးအိပ်နေတဲ့ မိမိသူငယ်ချင်း၏သား Baekhyun ကို တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက်.... အရှိန်အဝါတို့၏ နောက်ကွယ် ကိန်းအောင်းနေသော...မာန်မာနနှင့် ဒေါသတို့သည် ထောင်းကနဲ...
ဒီကောင်လေး ဘယ်လိုသတ္တိနှင့် မိမိလိုလူမျိုး၏ ကုတင်ပေါ် လာအိပ်ရဲလေသနည်း....
စိတ်၏ အလိုကို မလွန်ဆန်နိုင်စွာ ကုတင်ပေါ်မှ ကောင်လေးကို ဆွဲချလိုက်မိသည်...
အောက်ပြုတ်အကျမှာမှ နိုးလာဟန်ရှိသည့်ကောင်လေးက ပြူးတူးပြဲတဲလေး မိမိကို မကြောက်မရွံ့ ပြန်ကြည့်နေသည်မို့ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် အတင်းညှစ်ကိုင်ကာ မျက်နှာချင်းဆိုင် အနေအထားသို့ ဆွဲယူပစ်လိုက်မိသည်....
" ငယ် ဘာလုပ်မိလို့လဲဟင် ကို..."
" ဘာ....ငယ် ဟုတ်လား... ကို ဟုတ်လား...မင်းပါးစပ်က ဘယ်လိုခေါ်လိုက်တာလဲ "
ရဲရဲတင်းတင်း မိမိကိုခေါ်လိုက်သော ကောင်လေးကို ဆွဲမြှောက်ထားရာ အမြင့်မှနေ၍ ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ရုပ်သေးကြိုးပြတ် ပစ်ချလိုက်မိသည် ....
" မင်းနဲ့ငါ ဘာပတ်သတ်မှုမှ မရှိပဲ ခေါ်ရဲတာ အံ့ဩမိပါရဲ့... ငါက မင်းအစ်မ Nabi ကိုပဲချစ်တာ မင်းလည်း ရိပ်မိမှာပါ .. ဒါတောင် ဒီလိုအသုံးအနှုန်းတွေ....တောက်. ရွံဖို့ကောင်းလိုက်တာ.... "
မိမိကို စက်ယုတ်ရွံရှာစွာကြည့်နေတဲ့ သခင်ကြီး၏အကြည့် .....မနေ့ကနှင့်မတူတဲ့ ဆက်ဆံမှု... Nonna Nabi ကို ပဲ ချစ်တယ်ဆိုသော စကားတို့ကြောင့် Baekhyun နာကျင်နေသည့်ကြားမှ ပြုံးမိသည်....
သိလိုက်လေပြီ...Noona Nabi တိုက်စစ်စဆင်နေလေပြီ....
" မင်းမျက်နှာ မြင်နေရတာ ရွံလိုက်တာ...."
သူ့စိတ်ထဲမပါသောစကားဖြစ်သည်ကို သိသော်ငြားလည်း...... Nabi ၏ ယုတ်မာကောက်ကျစ်သော အောက်လမ်းနည်းများကြောင့် သခင်ကြီးယောလ် ဤကဲ့သို့ဖြစ်နေသည်ကို သိသော်ငြားလည်း သူ၏နှုတ်မှထွက်သော စကားဖြစ်သောကြောင့် ရင်ထဲက ဆစ်ကနဲ...
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)