" Tears of Cherry "
°°°°°°°°°°°°°°°°°°°°°°
Episoode ~ 4ဗြောင်အိမ်တော်ထဲ စဝင်မိတည်းက သခင်ကြီးယောလ် သတိထားမိသည်က ချယ်ရီရောင် အပြင်အဆင်တို့ပင်...
တကယ်ဆိုလျှင် ထိုကဲ့သို့သော ပွဲများက ဂန္တဝင် ဆန်သင့်သည် မဟုတ်ပါလား..
အဘယ်ကြောင့် ကလေးတွေသာလာမည့် ပွဲတစ်ခုလို လုပ်ထားသည် စဉ်းစားမရ...." ယောလ်.. မင်းရောက်လာပြီလား "..
" အင်း...ကျနော် အခုပဲရောက်တာ..."
မိမိတို့ သခင်ကြီးဗြောင်နှင့် အပြန်အလှန်နှုတ်ဆက်နေသော ယောလ် ဆိုသည့် သခင်ကြီးအား ဗြောင်အိမ်တော်၏ သမီးတော် ဗြောင်နာဘီနှင့် ဆွေတော်မျိုးတော် များက အစ... အစေခံများအဆုံး ငေးမောကြည့်မိသည်အထိ ယောလ် သခင်ကြီးသည် တည်ကြည်ခန့်ညား၍ အရှိန်အဝါကြီးလှသည်...
" ဗြောင်သခင်ကြီး...ခင်ဗျား ဒီလို ဂုဏ်သရေရှိတွေ လာမယ့်ပွဲမှာ ဘယ်လိုဖြစ်လို့ ကလေးသူငယ်ချင်းတွေစုလုပ်တဲ့ မွေးနေ့ပါတီလို အရောင်နဲ့ သုံးတာလည်း ဆိုတာ ကျနော် စဉ်းစားမရဘူး....".
ဝိုင်ခွက်ကို လှုပ်ရမ်းရင်း ယောလ်သခင်ကြီး ပြောလာသည်မို့...ဗြောင်သခင်ကြီး ပြုံးလိုက်မိသည်...
ထင်သည်... အရာရာတိကျပြီး အထက်တနဆန်ဆန်နေတတ်သည့် သူရောက်လာရင် ဒီလိုတွေ ပြောတော့မယ်ဆိုတာ...
" သားငယ်စိတ်ကြိုက် လုပ်ပေးရတာပါကွာ...မွေးနေ့ရှင် စိတ်ချမ်းသာအောင်....သားငယ်က ချယ်ရီပန်း အရမ်းစွဲလန်းတဲ့ ကလေးကွ..အဲ့ဒါကြောင့်..."
" ဪ....အဲ့ဒါကြောင့် ခုနက ချယ်ရီပင်အောက်မှာ တွေ့ခဲ့တာကို..."
"သားငယ် နဲ့ တွေ့ခဲ့တာလား ယောလ်..."
" ဟုတ်ကဲ့...ကျနော် လာတော့ ချယ်ရီပင်အောက်မှာတွေ့...."
" appa သားရောက်ပါပြီ.."
သခင်ကြီးယောလ်တစ်ယောက် သူ၏ စကားပင်မဆုံးသေး ဖြတ်ပြောကာ ပြေးဝင်လာသော ကောင်လေးကြောင့် မျက်မှောင်ကျုံု့ပြီး ကြည့်လိုက်မိသည်...
တော်တော် အရိပ်သုံးပါး နားမလည်တဲ့ဟာလေး..
" ဖြေးဖြေးလေ... ယောလ်သခင်ကြီးကို အားနာစရာ သားရယ်..."
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...