" Tears of Cherry "
°°°°°°°°°°°°°°°°°°°°°°°
Episoode ~15ဆာကူရာစံအိမ်တော်......
" ငယ်.... စိတ်အေးချမ်းသာနေပေတော့....ကိုယ်လည်း မင်းလေးရဲ့ papa ကို သေချာပြောပြီး ကိုယ့်အိမ်မှာ တစ်ပတ်ခေါ်ထားမယ်ပြောပြီးသားဆိုတော့....အေးဆေးပဲလေနော်...."
ချစ်ရသူ၏ ဆံနွယ်နုနုတို့ကို ဖွလျှက် ကြင်ကြင်နာနာ စကားဆိုလာသော သခင်ကြီးယောလ်၏ မျက်နှာပေါ်၌ မြင်ရခဲသော ပါးချိုင့်ခွက်ခွက်လေးက ခိုနားနေလေသည်....
" ကျနော့် ချယ်ရီလေးတွေကို လွမ်းတယ်ဗျ...."
နှုတ်ခမ်းလေးစူကာ ပြောလာသော ချစ်ရသူသည် ချစ်စရာကောင်းသော်ငြား ဒီတစ်ခါတွင်တော့ သခင်ကြီးယောလ် စိတ်ဆိုးမိသွားသည်...
" ဟင်....ကို ဘယ်ဖြစ်တာလဲ.... "
မျက်နှာပျက်ကာ တစ်ဖက်လှည့်သွားသော သခင်ကြီးယောလ်ကြောင့် သခင်လေးဗြောင်တို့ ဗျာများရလေပြီ
" ကိုယ် တစ်ယောက်လုံးဘေးမှာရှိနေတာတောင် ချယ်ရီတွေကို လွမ်းနေသေးတယ်....သူများတွေများ ချစ်သူဘေးရှိနေရရင် အရာရာမေ့သွားကြတာ...."
ရုပ်တည်ကြီးနှင့်ပြောနေသော်ငြား သခင်ကြီးတစ်ယောက်အနေနဲ့ ဤသို့လုပ်ရပ်မျိုး လုပ်သည်ဆိုသည်မှာ ချစ်သူဘေး၌ရှိချိန်မို့သာ လုပ်သည်ကိုသိသောကြောင့် သခင်လေးဗြောင် အသည်းယားသည်နှင့် သခင်ကြီးယောလ်၏ ပါးမို့မို့ကိုရွှတ်ခနဲ အနမ်းတစ်ပွင့်ခြွေလိုက်လေသည်....
အနမ်းတစ်ပွင့် သူ၏ပါးပေါ် ခိုနားသည်နှင့် သခင်ကြီးယောလ်၏ ဘယ်ဘက်ပါးပေါ်၌လည်း ပါးချိုင့်နက်နက်တစ်ခုလှပစွာ ဖြစ်တည်လေသည်....
" ငယ်က ကို ကလွဲပြီး ဘယ်အရာကိုမှ ပိုတန်ဖိုးမထားပါဘူးဗျာ....ချယ်ရီလေးတွေကိုက ငယ်ငယ်တုန်းကတည်းက အဖော်ပြုလာရတာမို့ပါနော်...တစ်မျိုးမထင်ပါနဲ့နော် "
လက်မောင်းကို တွဲခိုကာ ရွှန်းရွှန်းစားစားကြည့်ရင်းပြောလာသော ချစ်ရသူကြောင့် သခင်ကြီးယော်၏ အပြုံးပိုပီပြင်လာကာ နှုတ်ခမ်းဖူးဖူးထူထူတို့သည်လည်း သခင်လေးဗြောင်၏ ဆံနွယ်နုနုတို့နားခိုရာ နဖူးငယ်ပေါ်သို့ နားခိုလေသည်....
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...