မြင်ကွင်းမှန်သမျှကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေတယ့် မင်းသားရူးကြောင့် Jong in ကြိတ်ရယ်မိသည်။
တစ်ကယ်လည်း ရူးပါပေ့!"ဒါဘယ်လိုနိုင်ငံမျိုးလဲ?ဒီအလင်းရောင်စူးစူးတွေက ဟိုအမြင့်ရှည်ရှည်ကြီးတွေဆီက ဘယ်လိုနည်းနဲ့ထုတ်ပေးတာလဲ?"
Jong in တို့တိုက်ကနေ လှမ်းမြင်နေရတယ့် အထပ်မြင့်တိုက်ကြီးတွေက မီးအလင်းရောင်တို့ကို တအံ့တသြကြည့်ရင်း မေးနေပုံကြောင့် jong inဒီနေ့ရယ်ရလွန်း၍ အူတတ်ပြီးသေသွားနိုင်သည်။
"အရပ်သား သင်ဘာကြောင့်ကိုယ်တော့စကားကို ရယ်နေရတာလဲ?အသင်က မကောင်းတယ့်စုန်းအတတ်ပညာတွေနဲ့ ကိုယ်တော်ကိုပြုစားထားတာလား?အခုချက်ချင်း အသက်မသေချင်ရင် ကိုယ်တော်ကိုနန်းတော်ထဲ ပြန်ပို့ပေးစမ်း!"
သူပြောမှပဲ Jong inလည်းစုန်းအတတ်ပညာသည်ကြီးနဲ့ တူသလိုလိုဖြစ်လာသည်။
Jong inစကားရှည်နေရင်လည်း အရူးနဲ့ရန်ဖြစ်သည်ဟု လူကဲ့ရဲ့ခံရပေအုံးမည်။
မထူးတော့!"အရှင့်သားကြွတော်မူပါ။ကျနော်မျိုးကြီးက နန်းတော်ထဲကို လိုက်ပါပို့ဆောင်ပါမည်ဘုရား"
စိတ်ချမ်းသာရင်ပြီးရောသဘောဖြင့် ဟင်းရွက်ပို့ကားရှိရာကို ခေါ်လာလိုက်သည်။
"အရပ်သား ဒါကြီးကဘာကြီးတုန်းကွဲ့"
သူ့ကားကိုကြည့်ရင်း တအံ့တသြမေးလာပုံကြောင့် ရီချင်စိတ်ကိုမနည်းမြိုချရသည်။နို့မို့သာဆို နန်းတတ်မင်းသားအား စော်ကားမှုဖြင့်သေဒဏ်ခံရမည် စကားကိုကြားရပေအုံးမည်။
"မြင်းအစားထိုးပါဘုရား။ကင်း...အာ ကားလို့ခေါ်တယ်"
ကားကိုမမြင်ဘူးသလို တစ်ပတ်လှည့်ကြီးပြီး မေးစေ့ကရှိစုမဲ့စု အမွှေးကိုပွတ်နေသေးသည်။တယ်လည်းတတ်နိုင်ပါပေ့။
ကားတံခါးမဖွင့်ဘဲ ကားဘီးကိုခြေနဲ့နင်းရင်း ကားအမိုးပေါ်ခွတတ်နေတယ့် နန်းတတ်မင်းသားဆိုသည့် မင်းသားရူးလေးကိုဝတ်ထားတယ့်ဂါဝန်စကတဆင့် ဆွဲချရတော့သည်။
YOU ARE READING
17 Century Prince