Chapter (5)

2.4K 362 31
                                    

စာမျက်​နှာထက်​လက်​ထဲက ​ဘောပင်​နဲ့ဟိုခြစ်​၊ဒီခြစ်​လုပ်​​နေ​သော်​ငြားလည်း စာထဲစိတ်​မဝင်​စားနိုင်​​ပေ။Jong inအတန်းထဲထိုင်​​နေ​ပေမယ့်​ စိတ်​ကစာသင်​ခန်းထဲ ရှိမ​နေသည်​က​တော့အမှန်​။

"Jong in yaဆရာရှင်းပြ​နေတာ ​နောက်​တစ်​မျက်​နှာ​ရောက်​​နေပြီ"

Baekhyun ​ပြောမှသူစိတ်​မပါစွာ ​နောက်​တစ်​မျက်​နှာလှန်​မိသည်​။

"စာကဘယ်​​ရောက်​သွားပြီလဲ?"

"မင်းနှယ့်​ကွာ ​အစာမစားရ​သေးတယ့်​ ​မျောက်​အိုကြီးလိုမှိုင်​မ​နေစမ်းပါနဲ့။မင်းအဲ့​လောက်​စိတ်​မချရင်​လည်း ဘာလို့​ခေါ်လာ​သေးလဲ?"

တဆိတ်​!
ကျ​နော်​က စိတ်​မချတာ!
ဟိုကိုယ်​​တော်​ကိုလို့ Baekhyunထင်​​နေတာလား?
အင်း!ဒါလည်းဟုတ်​တာပဲ​လေ။သူစိတ်​မချဘူး။စိတ်​မချရတယ့်​အ​ကြောင်းအရင်းက ​မွှေမှာစိုးလို့။
ကျောင်းကိုမ​ခေါ်လာလို့ အိမ်​မှာထားခဲ့ရင်​လည်း ၁၅မိနစ်​​လောက်​နဲ့​တောင်​ TVနဲ့ဖုန်းကိုရစရာမရှိ​အောင်​​လုပ်​ခဲ့တာ​လေ။ဒီ၎နာရီစာထားခဲ့ရလျှင်​ သူ့အိမ်​ကိုနှစ်​ခြမ်းခွဲပြီးမီးရှို့ထားမယ့်​ရုပ်​​။အခု​တောင်​စာကြည့်​တိုက်​ထဲ ထားခဲ့ရ​တောင်​စိတ်​ကမ​ဖြောင့်​ချင်​။
ဒူးတုန်​၊ရင်​တုန်​​နေရသည်​ မဟုတ်​​ပေလား။

"မ​ခေါ်လာလို့မရတာ မင်းလဲသိမှာပါကွာ။အခု​တောင်​စာကြည့်​တိုက်​မှာ ထားခဲ့ရ​ပေမယ့်​ ငါဘာပြသနာတတ်​အုံးမလဲ ​ကြောက်​​နေရတာ"

"ပါ​မောက္ခမင်းနာမည်​ကို လာ​ခေါ်ရင်​ပြသနာတတ်​ပြီ​ပေါ့ ဒါမှမဟုတ်​စာကြည့်​တိုက်​က မီးခိုး​တွေထွက်​လာရင်​​တော့ မင်းကိစ္စတုံးပြီလို့မှတ်​​တော့"

Jong in​ယောကျာ်းပီသလွန်းစွာ ​စောင်​​မြောင်​ကြည့်​လိုက်​ပြီး Baekhyunရဲ့ပန်း​ရောင်​ဆံပင်​​တွေဖွာထွက်​သွား​အောင်​ ​​ခေါင်းကိုစာအုပ်​နဲ့ဗြင်း​ပေးလိုက်​​တော့သည်​။

စာထဲစိတ်​မပါတယ့်​အချိန်​​တွေဆို စာသင်​ချိန်​ကပင်​သိပ်​ကြာ​နေသလိုပဲ။ကျ​နော်​Kim Jong Inအတွက်​​တော့ ​နေ့တိုင်းလိုလိုစာသင်​ချိန်​​တွေက အရမ်းကြာလွန်းလှသည်​။အခုလည်းဖင်​​တွေပူ​အောင်​ ထိုင်​​နေ​ရ​သော်​လည်း အတန်းပြီးဖို့၁၀မိနစ်​​လောက်​ကလို​နေ​သေးသည်​။

17 Century PrinceWhere stories live. Discover now