လှုပ်ရှားမရသေးတယ့် ခန္ဓာကိုယ်ကြီးကို အနည်းငယ်အားယူကာ လူးလွန့်မိသည်။မမေ့ခင်အထိ ဆိုးဝါးလွန်းတယ့်နာကျဉ်မှုတွေက ယခုအချိန်မှာတော့ အဲ့လောက်မနာကျဉ်တော့ပေ။
"အရှင့်သား!မင်းသားလေး။တော်ဝင်နန်းတတ်မင်းသားလေး!!!"
ကြားလိုက်ရတယ့်အသံက နန်းတွင်းသမားတော်ကြီးရဲ့ စိုးရိမ်တကြီးခေါ်လိုက်သံ။
သူ.......၁၇ရာစုပြန်ရောက်နေပြီလား?"အ...."
"အရှင့်သား ဖြေးဖြေး!"
ပိုးအိပ်ယာခင်းပေါ် ထထိုင်လိုက်တယ့်အတွက် ယိုင်နဲ့သွားတယ့် သူ့ခန္ဓာကိုယ်ကိုအနားကအစေအပါးတို့က ဝိုင်းထိန်းကြသည်။
"အရှင်မင်းကြီး!မင်းသားလေး သတိပြန်ရလာကြောင်းပါဘုရား"
ဝမ်းသာအားရနဲ့ သမားတော်ကြီးရဲ့ လျှောက်တင်သံကို ကြားလိုက်ရသည်နဲ့ သူ့ခမည်းတော်လည်း အိပ်ဆောင်ထဲဝင်လာသည်။
"Hunလေး။သားတော်လေး။သက်သာရဲ့လား?"
Hunလေး?
ခမည်းတော်ရဲ့ Hunလေး ဆိုသည့်ခေါ်သံကြောင့် ပထမဆုံးသတိရသွားမိသည်က မောင်မင်း။
မောင်မင်း?Jong In?Jong Inရော ဘယ်မှာလဲ?"ခမည်းတော်....jong inရော?jong inဘယ်မှာလဲ?"
သူမေးသည့်စကားကို နားမလည်သည့်အလား ခမည်းတော်သည်သူ့ကို အံ့သြသင့်စွာကြည့်နေဆဲ။
"မယ်တော်?မယ်တော်....သူရော?မောင်မင်းရော ဘယ်မှာလဲလို့?သားတော်ကိုဖြေပါ"
အားကိုးတကြီးနဲ့ မယ်တော့ကို သူလှမ်းမေးသော်လည်း အဖြေစကားလိုတုံ့ပြန်သံပင် မကြားခဲ့။
သူ့အဝတ်အစားတွေ ပြန်ကြည့်မိတော့လည်း ၁၇ရာစုမင်းသားအသုံးအဆောင်တွေနဲ့။ကားတိုက်မှုမဖြစ်ခင် သူဝတ်လာတယ့် အဝတ်အစားတွေကရော?မောင်မင်းကရော ဘယ်ရောက်နေတာလဲ?
"လာကြစမ်း!အပြင်မှာ ဘယ်သူရှိလဲ?မောင်မင်း!ကိုယ်တော့မောင်မင်းကို ရှာပေးကြစမ်း?"
YOU ARE READING
17 Century Prince