အငွေ့တထောင်းထောင်းနဲ့ ခေါက်ဆွဲပန်းကန်ကိုတစ်လှည့် သူ့ကိုတစ်လှည့်ကြည့်ရင်း အနှီးမင်းသားဆိုသည့်ကောင်လေးက စားစရာရှိတာကိုမစားပဲ ပဟေဠိလာဖွင့်နေပြန်သည်။
"ဘာဖြစ်ပြန်တာလဲ?စားလေ!ကြက်ဥထည့်ပြုတ်ပေးထားတယ်လေ"
"ဟို...အနံ့ကတော့ကောင်းပါရဲ့။ဒါပေမယ့်ကိုယ်တော်တစ်ခါမှမစားဘူးတာ။ပြီးတော့ အဲ့တွန့်လိမ်ကောက်ကွေးနေတယ့် အချောင်းတွေကို ပါးစပ်ထဲသွင်းရမှာ ကြောက်လို့။အရပ်သားက ထမင်းလေးများမဆက်သချင်ဘူးလား ကိုယ်တော့ကိုလေ"
ဟူး!!!
ကြာလျှင်လူသတ်မှုဖြစ်မလား သူမသိတော့ပေ။
ခေါက်ဆွဲဒီတိုင်းပြုတ်ကျွေးရင် ဂျီးများမှာစိုးလို့ ကြက်ဥထည့်ပြုတ်ပေးတာကိုတောင် စေတနာစော်ကားပြန်သည်။"မင်းကိုကျွေးစရာထမင်းမပြောနဲ့ ငါတောင်စားစရာထမင်းမရှိဘူး။ခေါက်ဆွဲစားမှာလား?မစားရင်ငါသိမ်းမယ်"
Jong inခေါက်ဆွဲပန်းကန်ကို ပြန်သိမ်းတော့လည်း အသိမ်းမခံဘဲပြန်ဆွဲထားသည်။
"စား...စားမှာ။အရပ်သား...အဆိပ်တွေ ဘာတွေတော့မခပ်ထားပါဘူးနော်"
ထွက်လာတယ့်ဒေါသအတောင့်လိုက်ကို ပြန်မြိုချပြီးခေါင်းသာခါပြလိုက်သည်။သူစကားရှည်နေရင် အရှေ့ကကောင်လေးက စကားပြောလို့ပြီးတော့မယ်မထင်။အခုလည်းကြည့်!
အစကတော့ မစားချင်သလို အင်တင်တင်နဲ့မထိတထိလုပ်နေပြီး အရသာသိသွားမှ ခေါက်ဆွဲပန်းကန်ထဲခေါင်းဝင်မတတ် စားသောက်နေသည်။"မင်းနာမည်ဘယ်လိုခေါ်လဲ?"
"Hunလေး....Oh Se Hun...ဂိုဂူလျောရဲ့အိမ်ရှေ့စံ"
သူ့အမေးကိုပါးစပ်ထဲ ပလုပ်ပလောင်းနဲ့ ပြန်ဖြေရတာတောင် ကြွားခန်းကထုတ်နေသေးသည်။
"မင်းအသက်ဘယ်လောက်လဲ?"
"မယ်တော်ပြောတာကတော့ ၂၀နှစ်တယ့်။အရပ်သား ကိုယ်တော့ကို မင်း...မင်းနဲ့မခေါ်နဲ့စမ်း။ကိုယ်တော်မနှစ်ခြိုက်ဘူး။အရှင့်သားလို့အရပ်သားမခေါ်ချင်ရင် အခွင့်အရေးပေးတယ့်အနေနဲ့ Hunလေးလို့ခေါ်။ကိုယ်တော်ကိုအရပ်သားကျေးဇူးတင် ဝမ်းမြောက်ကြောင်းပြောသင့်တယ်။ကိုယ်တော့ကိုနာမည်ရင်း ခေါ်ခွင့်ရတာဆိုလို့ ကိုယ်တော့မိဘနှစ်ပါးပဲ။အရပ်သားကိုကျေးဇူးရှိလို့ ခေါ်ခွင့်ပေးတာ"
YOU ARE READING
17 Century Prince