ဆန်းကြယ်လွန်းတယ့်အရာတွေက ကိုယ်တိုင်မကြုံတွေ့ခဲ့ရင် မယုံကြည်တတ်ကြဘူး။ဒါလူတိုင်းပါ။ဒါပေမယ့်လက်ရှိဖြစ်နေတယ့် သူ့အနေအထားကိုရော ဘယ်သူကယုံကြည်နိုင်မှာလဲ?
မောင်မင်း?
ဟင့်အင်း!သူ့ကိုစိတ်မဆင်းရဲစေချင်တာလည်း ပါသလို ကိုယ်တော့ကိုမယုံကြည်မှာကိုလည်း စိုးရိမ်တယ်။အတိတ်ကခေတ်ကို ပြန်သွားရမှာလား?
ဒီလောကကနေပဲ ပျောက်ကွယ်သေဆုံးသွားရမှာလား?ဘာကိုရည်ရွယ်မှန်း မသေချာနေတယ့် လက်ရှိအချိန်ကာလကြီးကို စိတ်ကုန်လွန်းလို့ သူရူးသွားနိုင်သည်။ဘယ်ကပေါ်လာမှန်းမသိတယ့် မိန်းကလေးတစ်ယောက်ကို သူသာမြင်တွေ့ရပြီး ဘာကိုရည်ရွယ်နေမှန်းမသိတယ့် မိန်းကလေးရဲ့အမူအယာတွေက စိတ်ဂယောင်ခြောက်ခြားဖြစ်စေနိုင်သည်။ကြာပန်းနဲ့သူက ခဏတာသက်ဆိုင်နေတော့ ဒီမိန်းကလေးကကြာပန်းပိုင်ရှင်လား?ဒါဆိုသူ့ကြာပန်းပြန်တောင်းတာလား?ပြန်ပေးရအောင် သူ့မှာလဲရှိမှမရှိတာ။အချိန်မရွေးပေါ်လာတတ်တယ့် မိန်းကလေးနဲ့အတူ သူပါဆန်းကြယ်တယ့်လောကထဲ ရောက်သွားတတ်သည်။မောင်မင်းကလည်း သူ့ကိုမမြင်ရတော့သလို သူဖွင့်ပြောရင်ရော မောင်မင်းကယုံကြည့်ပါ့မလား?မောင်မင်းလဲသူ့ကိုမမြင်ရတော့သလို သူကလည်းမိန်းကလေးကလွဲလို့ ဘယ်သက်ရှိအရာကိုမှ မြင်လို့မရတော့ဘူး။
အဟား!
ဘာတွေလဲကွာ?
စိတ်ထဲမတင်မကျမှုသည် မျက်ရည်အဖြစ်သို့ ပြောင်းလဲကုန်တော့သည်။"Hunလေး?ဟာ....ဒီကောင်လေးကွာ။အိပ်နေရင်း ယောင်ပြီးငိုပြန်ပြီ"
"မောင်မင်း?"
"အင်....အိပ်နေတာမဟုတ်ဘူးလား?ပြောလေhunလေး ဘာဖြစ်လို့လဲ?"
ပြောဖို့ကြံရွယ်ပြီးသော စကားတို့သည်ထိုလူသားရဲ့ မျက်နှာကိုမြင်လိုက်ရသည်နှင့် ထွက်မလာနိုင်။စိတ်ညစ်ညမ်းသွားမှာကြောက်တယ်။
ကိုယ်တော့ကြောင့် မပျော်နိုင်တော့မယ့် မောင်မင်းကိုမြင်ရမှာ ပိုကြောက်နေတယ်။
YOU ARE READING
17 Century Prince