တက္ကသိုလ်ကျောင်းသား ဆိုသည့်ဘွဲ့ထူးကို လက်ခံလိုက်သည့်အချိန်တည်းက စာဆိုသည့်အရာနဲ့သူက ကမ္ဘာ့ရန်ဘက်ဆိုသလိုပင်။
သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။
သူ့ရဲ့ချစ်စရာအကောင်းဆုံးသော သူငယ်ချင်း၂ယောက်က အစစ်ပါပေသည်။
ယခုလည်း အိမ်ရှေ့ဆိုဖာခုံဝယ် မှောက်ချီ၊လှန်ချီနဲ့ စာလုပ်မယ်အကြောင်းပြပြီး အိမ်မှာသောင်တင်နေတယ့် Byun BaekHyun နဲ့ Do KyungSoo ဂျပု၂ယောက်ပင်။"Jong inရေ မင်းခေါက်ဆွဲပြုတ်ပြီးရင် ငါ့ကိုဒီစာလေးလာရှင်းပြစမ်းပါ။အော် ဒါနဲ့KyungSooဖို့ပါ ခေါက်ဆွဲပိုပြုတ်လိုက်ပါကွာ။မနက်ကဘာမှမစားလာလို့တယ့်"
အေပရွန်ကြီးဝတ်လို့ မီးဖိုချောင်ထဲကမထွက်ရတော့တယ့် သူ့အားနည်းနည်းလေးမှ အားနာစိတ်မဝင်တယ့်အပြင် ထပ်ပါခိုင်းလိုက်သေးသည်။
သိပ်ချစ်စရာကောင်းလှသည့် Byunဂျပု။"အရပ်သား ဘာ့ကြောင့်ကိုယ်တော့ မောင်မင်းကိုလာခိုင်းနေတာလဲ?ကိုယ့်ဘာသာထလုပ်ပါလား?ကိုယ်တော့မောင်မင်းကို ကိုယ်တော်ပဲခိုင်းမယ်"
ကိုယ်တော်ချင်းထပ်နေသည့် စကားဝယ် အမြင်ကပ်စရာကောင်းလှစွာ ကျနော်Kim Jong Inကမသိရင် သူ့ငယ်ကျွန်ကြီးလိုလို။
သို့သော်Sehunစကားကြောင့် ရှေ့ကနှစ်ကောင် အသံပါတိတ်သွားတော့သည်။"Sehun လာစားတော့ ပြီးရင်ဆေးသောက်ရမယ်"
ဧည့်ခန်းထဲ ခေါက်ဆွဲပြုတ်ဗန်းကို သေချာကိုင်လာရင်း ထိုကောင်လေးကိုသူအော်ခေါ်လိုက်သည်။သူ့ခေါ်သံနောက် အင်္ကျီကပိုကယိုနဲ့ အနှီကောင်လေး သူ့နားရောက်လာတော့သည်။
"ငါ့ဖို့ရော???"
"ငါမအားဘူး စာလုပ်ရမယ်။စားချင်သွားပြုတ် ခေါက်ဆွဲတွေအများကြီး ငါဝယ်ထားတယ်"
"သူ့ကျတော့ပြုတ်ပေးပြီး!"
"သူကလုပ်မှမလုပ်တတ်တာ Oh Sehunတတ်တာ စားတာ၁ခုထဲရှိတယ်။ပြီးတော့ သူဖျားနေတာလေKyungSooရယ်။"
YOU ARE READING
17 Century Prince