Chapter (14)

2.3K 349 37
                                    

ငြိမ်းချမ်းစွာအိပ်​​ပျော်​​နေတယ့်​ မျက်​​တောင်​တိုစိပ်​စိပ်​​လေး​တွေနဲ့ နှုတ်​ခမ်းပါးပိုင်​ရှင်​သည်​ သူ့ရင်​ခွင်​ထဲ​ပျောက်​လုမတတ်​ တိုးဝင်​​နေ​တော့သည်​။ခပ်​ချွန်​ချွန်​​မေးရိုး​လေးကို အသဲယားစွာငုံ့နမ်းမိ​တော့ မကြိုက်​သလို​ယောင်​ယမ်းကာ မျက်​​မှောင်​ကျုံ့​နေသည်​။မ​နေ့ညကအမှတ်​အသားတို့သည်​ နီညို​ရောင်​အကွက်​များဖြင့်​ လည်​ပင်းတစ်​ဝိုက်​တွင်​ ကျန်​ရစ်​ထင်​​နေ​တော့သည်​။

ရှုပ်​ပွ​နေတယ့်​ဆံနွယ်​ရှည်​တို့က မျက်​နှာ​ပေါ်ဝယ်​ဟိုတစ်​စ၊ဒီတစ်​စနှင့်​ ပန်းချီချယ်​လို့ပင်​မမှီနိုင်​​အောင်​ လှလွန်း​နေသည်​။သူ့အတွက်​​တော့ ဒီ​နေ့မနက်​ခင်းဝယ်​ ​နေခ​နေ​လေပြီ။

"အင်းးးးး.....အဟင့်​......"

အပျင်းဆွဲသံနှင့်​အတူ မျက်​လုံးမပွင့်​ခင်​တည်းက နာကျဉ်​မှု​ကြောင့်​ ရှိုက်​သံတို့ကကပ်​ပါလာ​လေသည်​။ဒီ​ကောင်​​လေးဘာ​ကြောင့်​ အဲ့​လောက်​ချစ်​စရာ​ကောင်း​နေပါလိမ့်​။

"နိုးရင်​ထ​တော့!ထမင်းစား ​ဆေး​သောက်​ပြီးမှ ပြန်​အိပ်​​လေHun​လေး"

နားထဲခပ်​သြသြအသံ​ကို မည်​သူမည်​ဝါမှန်းသိ​နေတာ​ကြောင့်​ မျက်​လုံးမဖွင့်​ချင်​​သော်​ငြား ခါးရိုးတစ်​​လျှောက်​နာကျဉ်​မှုက ဆိုးဝါးလွန်း​နေသည်​။

"​မောင်​....​မောင်​မင်း???ဘာ....ဘာလို့ အင်္ကျိမဝတ်​ထားတာ......?"

မျက်​လုံးထဲဝင်​လာတယ့်​ အင်္ကျီမကပ်​သည့်​ ထိုလူသား​ကြောင့်​ ​မေးခွန်း​မေးပြီးမှ ကိုယ့်​ဘာသာပြန်​ငုံ့ကြည့်​မိ​တော့လည်း သူ့နီးတူပင်​ အဝတ်​အစားကပ်​မ​နေခဲ့။ည....ညက ဘာ​တွေဖြစ်​ခဲ့.....!

"မယ်​​တော်​​ရေ.....!!!"

ညကပုံရိပ်​​တွေက မျက်​လုံးထဲ​ခပ်​​ရေး​ရေးမှတ်​မိလာပြီ။ဒါ....ဒါဆို!သူနဲ့!!!သူနဲ့​မောင်​မင်းနဲ့က!
အိပ်​​ဆောင်​အတူတူ ဝင်​ပြီးပြီ​ပေါ့။

"မှတ်​မိပြီလား?ကိုယ့်​အချစ်​ဆုံး​လေး!လာပါအုံးကိုယ့်​ဆီ"

17 Century PrinceWhere stories live. Discover now