တီဗီရှေ့ဆိုဖာဝယ် pop-cornတစ်ထုပ်နဲ့ ဇိမ်ယူနေတယ့် အိမ်ရှေ့စံကိုယ်တော်မှာတော့ သူ့ကိုရှိတယ်လို့ပင် သဘောထားရဲ့လားမသိ။
တဂျွတ်ဂျွတ်နဲ့ဝါးရင်း Larvaကောင်ကာတွန်းကား ဖွင့်ပေးထားတော့ တခိခိ၊တဟိဟိနဲ့ကို သဘောတွေတွေ့နေလေရဲ့။သူ့မှာသာညနေကကိစ္စကို မျက်နှာတွေပူရင်း မီးဖိုချောင်ထဲစာအုပ်တစ်အုပ်နဲ့ မယောင်မလည်လုပ်နေသည်လေ။"ဟား .....ဟား .... ဟား......."
အားရပါးရအော်ရယ်သံကြီးက နောက်ဖေးထိပျံ့လာသည်။ဒီကောင်လေးတစ်ကယ်ပဲ ကလေးစိတ်မပျောက်သေးတာသေချာသည် တကယ့်ကလေးကြီးပဲ။
"Se...sehun ထမင်းစားတော့။ဗိုက်မဆာဘူးလား?"
"မစားချင်ဘူး!ဒါကြည့်အုံးမှာ"
သူ့ရှေ့ကကာတွန်းခွေ အထပ်လိုက်ကိုလက်ညိုးထိုးပြရင်း နှုတ်ခမ်းကဆူလာတော့သည်။ဘယ်ကအကျင့်တွေလဲ?ဒီကောင်လေး!တဖြေးဖြေးချစ်စရာပုံတွေ လုပ်တတ်လာတယ်။ခုလည်းကြည့် ရိုးရိုမပြောဘဲ နှုတ်ခမ်းကိုထော်ပြီး ပြောလာတော့ ကျနော်ဆိုသည်မှာလဲ sehunတစ်ခွန်းတည်းနဲ့ ခေါင်းငြိမ့်ပြရင်း မီးဖိုချောင်ထဲပြန်ဝင်ရတော့သည်။
တစ်ယောက်စာထမင်းခူးရင်း စားဖို့ကြံရွယ်တော့ အနားရောက်လာတယ့်ကောင်လေး။
သူလှည့်ကြည့်တော့ ဟီးခနဲတစ်ချက်ရယ်ပြသည်။ညီညာနေတယ့် သွားဖွေးဖွေးလေးတွေကြား စည်းချက်မမှန်တော့တယ့် ရင်ခုန်သံတွေ။"ဘာလို့ရောက်လာတာလဲ?ကာတွန်းကားကြည့်အုံးမယ်ဆို!"
သူမေးတော့လဲ မျက်နှာလေးအိုစာပြရင်း မျက်တောင်ကပုတ်ခပ်ပုတ်ခပ်နဲ့ရယ်။တကယ်ကို အကယ်ဒမီရှော့ လုပ်ပြနေတယ့်ကောင်ဆိုးလေး။
"မောင်မင်းစိတ်ဆိုးမှာစိုးလို့။ထမင်းအရင်လာစားတာ"
အဟား!
သူတကယ်ဘုရားတမိသည်လား?
ဘယ်တုန်းကများ Oh Sehunအဲ့လောက်လိမ္မာသွားပါလိမ့်။
YOU ARE READING
17 Century Prince