Chapter (8)

2.1K 347 20
                                        

Sehunအဲ့​ကောင်​​လေး မ​နေ့ညတည်းက ဒီ​နေ့မနက်​အထိ သူနဲ့မျက်​နှာချင်းသိပ်​မဆိုင်​​ဖြစ်​​ပေ။
အဲ့​ကောင်​​လေးသူ့ကို​ရှောင်​​နေသည်​လို့ ​ပြောရမလား?
မ​နေ့ညက သူည၈နာရီ​ကျော်​​လောက်​ အိမ်​ပြန်​​ရောက်​​တော့ Sehunအိပ်​​ပျော်​​နေပြီ။
သူလည်းအိပ်​​နေတာ​ကြောင့်​ မနှိုး​တော့ဘဲ ညနက်​တယ့်​ထိစာကျက်​လိုက်​တယ်​။စာ​မေးပွဲရက်​ဖြစ်​တာ​ကြောင့်​ အချိန်​ပိုင်းအလုပ်​​တွေ ခွင့်​ယူထားပြီး စာကိုသာအချိန်​​ပေးကြည့်​လိုက်​သည်​။

"Sehun နိုးပြီလား?ထမင်းလာစား​လေ"

အိပ်​ယာနိုးခါစ ​ခေါင်းစုတ်​ဖွားနဲ့ ဟို​နေရာကုတ်​၊ဒီ​နေရာကုတ်​ဖြစ်​​နေတယ့်​ အနှီလူသားကသူ့အသံကြားသည်​အထိ မျက်​လုံးကမဖွင့်​​သေး။

"ကိုယ်​​တော်​ပြန်​အိပ်​မို့!"

မနက်​၇နာရီစွန်းစပြု​နေတယ့်​ နာရီလက်​တံ​တွေကို တစ်​ချက်​သာကြည့်​ပြီး အိမ်​သာထဲဝင်​သွားသည်​။

"မအိပ်​နဲ့​တော့။မျက်​နှာသစ်​လာခဲ့ ထမင်းစားရမယ်​။ကြားတယ်​​နော်​ sehun!"

"အင်း!!!"

ရေချိုးခန်းထဲထိ ပျံ့လွင့်​လာတယ့်​ အမိန့်​​ပေးသံသဲ့သဲ့နဲ့ စကားသံ​ကြောင့်​မျက်​​မှောင်​၂ခုက အလိုမကျစွာတွန့်​ချိုးလိုက်​​သော်​လည်း နှုတ်​ကမူအလိုက်​သိစွာ ​ဖြေပြီးသား။

"မ​နေ့ညက ထမင်း​ရောစားရဲ့လား?မင်းအ​စောကြီးအိပ်​သွားလို့"

"စားတယ်​!"

"ဘာစားချင်​လဲ?စာ​မေးပွဲ​ဖြေပြီးလို့ ပြန်​လာရင်​ ငါဝယ်​လာခဲ့မယ်​​လေ"

"မစားချင်​ဘူး!"

အ​မေးတစ်​ခွန်း၊အ​ဖြေတစ်​ခွန်းသာ ရှိ​နေတယ့်​အ​ခြေအ​နေအရ သူအရင်​လိုသာဆို ထပြီးဝုန်းဒိုင်းကြဲမိမှာအမှန်​။သို့​သော်​အခုအ​ခြေအ​နေက သူ့ဘက်​ကအမှားမို့လို့ သက်​ပြင်းချရင်း စိတ်​ကိုဆွဲဆန့်​ထားမိသည်​။

"မ​နေ့ကကိစ္စ မင်းစိတ်​ဆိုး​နေတာလား?ငါ​ရှင်းပြမယ်​ မ​နေ့ကငါ့သူငယ်​ချင်း ကားတိုက်​မှုဖြစ်​လို့ ​ဆေးရုံတတ်​လိုက်​ရတယ်​။သူ့မိသားစုက ဟိုးအ​ဝေးကြီးမှာမို့လို့ ငါက​စောင့်​​ရှောက်​​ပေးရတာ။အရမ်းငို​နေ​တော့ ငါလည်းအားနာပြီး မထားခဲ့ရက်​လို့ ပြီး​တော့ညာလက်​ကျိုးသွား​တော့....."

17 Century PrinceWhere stories live. Discover now