(A/N ....Sehun ဘက်ကခံစားချက်တွေကို ရီရီလေးတွေ အမြင်ရှင်းအောင် ပြန်ရေးပြလိုက်ပါတယ်။ဖတ်ကောဖတ်ချင်ရဲ့လားမသိ။မဖတ်ချင်ရင် နောက်အပိုင်းကိုအပိုင်း၉ရဲ့ အဆက်ကနေပြန်ရေးပေးပါ့မယ်)
ကြာပန်းနီနီလေးကို မယ်တော်အတွက် လက်လှမ်းယူလိုက်တော့ ရစ်ပတ်လာတယ့်ကြာပန်းနွယ်တွေက ကိုယ်တော့လည်ပင်းဝယ် တင်းကြပ်လွန်းလှသည်။အသက်ရူမရအောင် ဖြစ်နေသည့်အခြေအနေတွင် သေတော့မည်ဆိုသည့်အသိနဲ့ မျက်လုံးထောင့်ကအရည်ပူတွေ စီးကျလာတော့သည်။ကယ်မည့်သူမရှိဘူးဆိုတာ သိသိကြီးနဲ့ ကယ်မယ့်သူတစ်ယောက်ယောက်ရှိလာရင် ကောင်းမယ်လို့တွေးရင်း အမှောင်ထဲတိုးဝင်သွားရင်း မေ့မျောသွားသည်။
အိပ်ပျော်ရာကနိုးလာသလို လန့်နိုးသွားပေမယ့် လည်ပင်းကနာကျဉ်မှုနဲ့ အသက်ရူကြပ်နေမှုကြောင့် အားယူပြီးချောင်းဆိုးကာ အသံရူရင်းအော်သံကြားလို့ ကြည့်မိတော့သူ့ကို ပြူးကြည့်နေတယ့် သူနဲ့ရွယ်တူအရပ်သားယောကျာ်းလေးတစ်ယောက်။ဝတ်ထားတယ့်အဝတ်အစား ထူးထူးဆန်းဆန်းနဲ့ အရပ်သားကိုသူကပင် စတင်ကာဘယ်သူမှန်းမေးမိသည်။
"Yrrrr....အဲ့ဒါငါပြောရမှာ။မင်းဘယ်သူလဲ?"
ပထမဆုံးအကြိမ်အဖြစ် သာမန်အရပ်သားတစ်ယောက်က ကိုယ်တော့ကိုပြန်အော်ခြင်းပင်။
လုပ်ကြံသူများလားဆိုတယ့်အသိနဲ့ အခန်းအပြင်ကအထိန်းတော်ကြီးကိုအော်ခေါ်မိလိုက်သည်။သို့သော်ငြားလည်း လင်းထိန်နေတယ့်အခန်းအပြင်ကြောင့် ကိုယ်တော့အခန်းမဟုတ်မှန်းသိသော်လည်း လာအော်ဟစ်နေတယ့်အရပ်သားကို ဟောက်ဟမ်းလိုက်ပြီး နန်းတော်ပြန်ပို့ပေးရန် အမိန့်ပေးလိုက်သည်။ထူးဆန်းနေတယ့်မြို့တော်ကို ကိုယ်တော်ဘယ်အကြောင်းကြောင့် ရောက်သွားမှန်းမသိပေ။
မြင်နေရသမျှထူးထူးဆန်းဆန်း အရာတွေကိုကြည့်ရင်း အရပ်သားပြောသည့် စီးတော်ကားကိုစီးရင်း ရောက်သွားသည့်နန်းတော်ရှေ့ဝယ် ဆုတော်ပေးမည်လို့ဆို၍ နန်းတော်ထဲကိုအခစားဝင်ဖို့ ပြောသော်လည်းမလိုချင်ဘူးလို့ ဆိုသွားသည့်အရပ်သားကထူးဆန်းလွန်းလှသည်။
YOU ARE READING
17 Century Prince