Chapter (13)

2.5K 336 47
                                        

မှိုင်းပြပြ​ဆောင်းရာသီ နံနက်​ခင်းတစ်​ခု။
အလှပန်းအိုးထက်​က နှင်းဆီဖြူဖြူ​တွေကို အ​ကြောင်းမဲ့​ငေးရင်း အလိုလိုပြုံး​နေမိသည်​။
အိပ်​ယာထဲလူကနိုး​နေ​သော်​လည်း လာနှိုးမယ့်​အသံကို​စောင့်​စား​နေခြင်းသာဖြစ်​သည်​။

"Hun​လေး...."

နူးနူးညံ့ညံ့​ခေါ်သံနဲ့အတူ အိမ်​ခန်းထဲဝင်​လာတယ့်​ တစ်​စုံတစ်​​ယောက်​။

"အိပ်​ယာထ​တော့!မနက်​စာထစားအုံး။ပြီးမှအိပ်​ချင်​​သေးရင်​ပြန်​အိပ်​။လိမ္မာတယ်​ထ​တော့!!ညကကာတွန်း​တွေ ထိုင်​ကြည့်​​နေတာကို အခုဘယ်​ထနိုင်​​တော့မလဲ?"

ဒီအသံက​လေ သူမနက်​တိုင်းကြား​နေရတယ့်​အသံ ဖြစ်​​သော်​ငြားလည်း ဘယ်​​သောအခါမှ ရိုးသွားခြင်းမရှိ​ပေ။သူနဲ့ချစ်​သူဖြစ်​သွားတယ့်​ ​နေ့ကစလို့ အ​ခေါ်အ​ဝေါ်​တွေ၊အသုံးအနှုန်း​တွေ ​ပြောင်းလဲသွားသလို အရင်​ကထက်​ကို ပိုဂရုစိုက်​လာသည်​။မ​ပြောင်းလဲသည်​က သူကို​ယ်​တိုင်​သာ။အရင်​ကလို ​ခေါ်မြဲ​ခေါ်စဲသာ။သူJong inကို ဘယ်​​လောက်​ချစ်​လဲ သူကိုယ်​တိုင်​သိ​သော်​လည်း ထုတ်​မ​ပြောတတ်​တာ သူ့အကျင့်​။သူ့အ​ပေါ် အချစ်​​ပေါ့သွားမှာစိုးသည်​လား?ဒီလိုစကားကြီးက ​အော်​ဂလီဆန်​စရာ​ကောင်း​နေသည်​။Jong in သူ့အ​ပေါ် ဘယ်​​လောက်​ချစ်​လဲ ဆိုတာလဲသိပါတယ်​ ဒါ​ပေမယ့်​ သူ့ခံစားချက်​​တွေကို မသိ​စေချင်​။

နှဖူးထက်​က အနမ်း​နွေး​နွေး​ကြောင့်​ ခန္ဓာကိုယ်​မတုန်​လှုပ်​သွား​အောင်​ ကြိုးစားလိုက်​ရ​သေးသည်​။ဒါမနက်​တိုင်းရ​နေကျဖြစ်​တယ့်​ အနမ်းဖြစ်​​သော်​လည်း မတည်​ငြိမ်​နိုင်​​သေးသည်​က သူကိုယ်​တိုင်​သာ။

"Hun​လေး....ထကွာ!လိမ္မာတယ်​​နော်​"

"နားငြီးတယ်​ကွာ.....!!!"

တစ်​ဖက်​လှည့်​အိပ်​လိုက်​ရင်း ကြိတ်​ပြုံးမိသည်​က Oh SeHunသာ။

"ကိုယ်​ခဏ​နေ အလုပ်​သွားရအုံးမယ်​။ပြန်​လာမှမုန့်​ဝယ်​လာမယ်​​နော်​"

"​မောင်​မင်း!ကိုယ်​​တော်​က က​လေးလား?မုန့်​ဝယ်​လာမယ်​ဆိုပြီး ​ချော့​ပြော​နေရ​အောင်​"

17 Century PrinceWhere stories live. Discover now