Chapter (4)

2.7K 367 41
                                    

Baekhyun သူ့​ရှေ့က​ဖြူဖြူ​ဖွေး​ဖွေး ​ကောင်​​လေးကိုကြည့်​ရင်း ဘာ​ပြောရမှန်းမသိ။
ရှုပ်​ပွ​နေတယ့်​ အပျက်​အစီး​ပေါင်းများစွာနဲ့ ဧည့်​ခန်းထဲJong Inက​တော့ ယခုပင်​​ချက်​ချင်း​သေ​တော့မည့်​ပုံနှင့်​ ထိုင်​​နေ​သော်​ငြားလည်း ထိုဖြူ​ဖွေး​ကောင်​​လေးက​ ခပ်​တည်​တည်​ပင်​။

"အဲ့​တော့ မင်းဖုန်း​ရော၊TV​ရော ရှိသမျှပစ္စည်းအကွဲ​တွေက အ​ရှေ့ကကိုယ်​​တော်​လက်​ချက်​​ပေါ့"

Jong in အသံပင်​မထွက်​​တော့ဘဲ ​ခေါင်းသာအသာ​လေးငြိမ့်​ပြ​နေသည်​။

"ည​နေအတန်းချိန်​​ ​ကျောင်းသွားမှာလား?"

ခေါင်းခါပြသည်​။နှုတ်​​တော်​က ဖွင့်​​တော်​မမူနိုင်​သည့်​ အ​ချေကိုယ်​​တော်​နဲ့မှ Baekhyunလာတိုး​နေသည်​။ကြာ​တော့လူက စိတ်​မရှည်​နိုင်​!

"​သေမလို့လား Jong In!​ဒီအတန်းမတတ်​ရင်​ tutoမ​ဖြေနိုင်​ဘူးဆိုတာ မင်းလည်းသိတယ်​မလား?ထ!​ရေချိုးပြီးရင်​ ခဏ​လောက်​အိပ်​လိုက်​ ပြီးမှသွားမယ်​"

နေ့လည်​၁နာရီစွန်းစ ပြု​နေတယ့်​လက်​ပတ်​နာရီကို တစ်​ချက်​ငုံ့ကြည့်​ပြီး သက်​ပြင်းချသံသဲ့သဲ့ကို သူကြားလိုက်​ရသည်​။

"​ဟေ့ အရပ်​သား!ကိုယ်​​တော့​မောင်​မင်းကို မ​အော်​နဲ့စမ်း!​အရပ်​သား​အော်​လိုက်​လို့ စိတ်​​တော်​ငြိုငြင်​သွားလိမ့်​မယ်​။ကိုယ်​​တော့ရာဇဒဏ်​ သင့်​ချင်​လို့လား?"

မ​နေနိုင်​မထိုင်​နိုင်​ ဝင်​​အော်​သူကို သူ​လှမ်း​ဟောက်​ဖို့အားပင်​မရှိချင်​။
Baekhyun က​တော့ ပြူး​ကြောင်​​ကြောင်​နဲ့ ထို​ကောင်​​လေးကိုကြည့်​​နေသည်​။

"Baekhyun ဒီ​ကောင်​​လေးကို ခဏကြည့်​ထား​ပေး။ကျ​နော်​​နေ့လည်​စာဖို့ mini-mark သွားအုံးမယ်​။သူ​ရော၊ကျ​နော်​​ရော ခုထိမစားရ​သေးလို့"

Baekhyun ဘာမှပြန်​မ​ပြောရ​သေး ဘယ်​တုန်းကတည်းက ထို​ကောင်​​လေးနဲ့လွတ်​ရာ ​ပြေးချင်​​နေလဲမသိ။လစ်​တာမှ တစ်​ကျိုးတည်းရယ်​!

"ဟို .... ဟို"

"အရပ်​သား ​လျှောက်​တင်​စရာရှိတာကို ရဲရဲတင်းတင်း​လျှောက်​ ဟိုမ​နေနဲ့၊ကိုယ်​​တော်​စိတ်​​တော်​မရှည်​ဘူး!"

17 Century PrinceWhere stories live. Discover now