တိတ်ဆိတ်နေတယ့်အိမ်ပြန်လမ်းမှာ သူရော၊ကျနော်ရော ဝစီပိတ်ကျင့်နေသူတွေလို အသံတစိုးတစိမျှ ထွက်မလာခဲ့ပေ။ဘေးချင်ကပ်ထိုင်နေတယ့် bus-carပေါ်မှာ သူကတော့ကားပေါ်ကတဆင့် မြင်နေရတယ့်မြင်ကွင်းတွေကိုသာ သကြီး၊မဲကြီးကြည့်နေပြီး ကျနော့ဘက်ကိုယောင်တို့တောင်လှည့်မလာခဲ့။
"နောက်မှတ်တိုင်ဆင်းမယ်"
အသိပေးလိုက်ရုံစကားပြောရင်း ထိုကောင်လေးကိုမစောင့်တော့ဘဲ သူနေရာကထလိုက်သည်။
နောက်ကနေကသောကမျော ထလိုက်လာတယ့်ပုံရိပ်ကိုတော့ မျက်လုံးထောင့်ကတဆင့် မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။Bus-carပေါ်ကနေ ဆင်းလာပြန်တော့လည်း အရင်ကလိုသူ့နားလာပြီး တွတ်ထိုးမနေတော့။သူနဲ့ခွာပြီး ခပ်လှမ်းလှမ်းလောက်ကနေ လျှောက်နေပြန်သည်။
"Se....?!!!"
စကားပြောမလို့ နောက်လှည့်ကြည့်မိတော့ သူ့နောက်မှာထိုကောင်လေးရှိမနေ။ခုဏကတောင် ခြေသံကြားလိုက်ရသေးသည် အခုဘယ်ရောက်သွားပြီတုန်း?
"Sehun ya!Oh Sehun?Se......."
တကြော်ကြော်အော်ခံရင်း Bus-carမှတ်တိုင်ဘက် သူအပြေးတပိုင်းထွက်လာရပြန်သည်။
အော်!
သူကသာရှာနေလိုက်ရတာ။
ကိုယ်တော်က မုန့်ငမ်းနေတာနဲ့ သူခေါ်နေတာတောင် ကြားပုံမပေါ်ပေ။
Cotton candy လုပ်နေတာကို ပါးစပ်ကြီးအဟောင်းသားနဲ့ ငေးနေတယ်။"ပါးစပ်ထဲအကောင်ဝင် သွားအုံးမယ်Sehun"
"ဟမ်!"
အနားကပ်ပြီး စနေတာတောင် သူ့ကိုအဖက်မလုပ်နိုင်အောင် Cotton candyကိုစိတ်ဝင်စားနေတာပဲ။ဟမ်!တစ်လုံးသာပြန်ပြောနိုင်ပြီး အကြည့်ကအဲ့ဆိုင်မှမခွာ။
"ကြိုက်လို့လား?ဝယ်ပေးရမလား?"
အခုမှသူ့ကိုအဖက်လုပ်ဖော်ရသည်။
ခေါင်းတွေအဆက်မပြတ်ငြိမ့်ပြရင်း မျက်လုံးတွေကတောင် အရောင်တွေထွက်လာသလို။
YOU ARE READING
17 Century Prince