မနေ့ကကိစ္စကြောင့် မောင်မင်းနဲ့သူ မျက်နှာချင်းမဆိုင်ဖြစ် အောင်ရှောင်နေလိုက်သည်။မောင်မင်းကသူစိတ်ဆိုးနေသည်ထင်၍ ရှင်းပြလာတယ့်ကိစ္စက ထမင်းစားနေရင်းပင် မျက်ရည်မဝဲလာအောင် မနည်းထိန်းယူနေရသည်။
သူငယ်ချင်းလောက်တောင် ငါကအရေးမပါပါလား ဆိုသည့်စိတ်ကြောင့် ဝေ့ဝဲလာတယ့် မျက်ရည်စတွေကို မျက်တောင်ပုပ်ခတ်ပုပ်ခတ်နဲ့ ထိန်းနေရသည်။ဘယ်ချိန်တုန်းကများ သူအဲ့လောက်စိတ်ဓာတ်ပျော့ညံ့သွားပါလိမ့်?"မောင်မင်းသူငယ်ချင်းက ဘယ်သူတုန်း?"
မထင်မှတ်ထားသည်လည်း မဟုတ်!
မျှော်လင့်ထားသည်လည်း မဟုတ်!
မောင်မင်းရဲ့အဖြေကတော့ သူ့ကိုမြန်မြန်ကံတော်ကုန်သွားအောင် တွန်းအားပေးနေသလိုပင်။
တစ်စပ်တည်း သူသိလိုက်တယ့် အမှန်တရားတစ်ခုက မောင်မင်းအတွက်သူက ဘာမှမဟုတ်တယ့်လူဖြစ်သလို မောင်မင်းကထိုမိန်းကလေးကို တော်တော်ချစ်မြတ်နိုးသည်။မဖြစ်နိုင်တော့တယ့် ဆက်နွယ်မှုတစ်ခုကို သူမျှော်မှန်းနေလို့မရတော့။မောင်မင်းလည်း ချစ်ရမယ့်မိန်းကလေးရှိသလို သူလည်း၂နိုင်ငံချစ်ကြည်ရေးအတွက် ဂိုဂူလျောပြန်ရောက်ရင် ယန်းနိုင်ငံသမီးတော်ကို လက်ထပ်ထိမ်းမြားရမည်လေ။
မရနိုင်တယ့်သူကို သူချစ်တယ့်သူနဲ့အဆင်ပြေအောင်ပဲ ကူညီပေးလိုက်သင့်သည်။မောင်မင်းပုံက ခပ်အေးအေးနဲ့ထိုမိန်းကလေးကို ဘယ်လိုမှစပြီးချစ်ရေးဆိုမယ့်ပုံကမပေါ်လို့ သူကဘေးကနေ ကူညီလိုက်သင့်သည်။သူစိတ်ထားကောင်းလွန်း သည်တော့မဟုတ်။
ဒီနေရာမှာနေရဖို့ အချိန်ကသိပ်မကျန်တော့လို့ ကူညီခြင်းသာဖြစ်တယ်။လည်ပင်းထက်က ကြာပန်းပွင့်ချပ်တွေ ကြွေနေတာ၁၂ရွက်လောက်သာ ကျန်တော့သည်မဟုတ်လား?ကြာပွင့်ချပ်တွေ ကုန်သွားတယ့်နေ့ သူလည်းဒီလောကကနေ တစ်နည်းနည်းနဲ့ပျောက်ကွယ်သွားလိမ့်မည်။သူ့အလိုလိုသိနေတယ့် ဒီခံစားချက်က ဆိုးရွားလွန်းနေသည်။
ဆိုးလ်ဆိုသည့်ဒီလောကကို စရောက်တုန်းက ကြာပွင့်ချပ်၂၀လောက်က အခုတော့တဖြည်းဖြည်းပျောက်ကွယ်ကုန်သည်။
YOU ARE READING
17 Century Prince