Chapter (6)

2.4K 370 6
                                        

တ​ဖျောက်​​ဖျောက်​ ကျဆင်း​နေတယ့်​ မိုးစက်​တို့ကမနက်​ခင်းကို အကျည်းတန်​​နေဆဲ။
ဝိုးတဝါးမနက်​ခင်း အလင်း​ရောင်​ပင်​ ​ကောင်းစွာသိပ်​မရ​သေး​ပေမယ့်​ သူ့မျက်​ဝန်းကနှိုးစက်​သံမလိုဘဲ အလိုလိုနိုး​နေပြီ။
ကုတင်​ထက်​​စောင်​နဲ့ လုံး​နေတယ့်​အနှီ​ကောင်​​လေးထံ ​ခြေသံဖွဖွ​လျှောက်​လာမိသည်​။
နှဖူးထက်​ကအပူ​ငွေ့တို့က သူ့လက်​ဖဝါးဆီမှတဆင့်​ ခံစား​နေရတုန်း။ဒီလိုပုံစံဆို ဒီ​ကောင်​​လေးညတည်းက အဖျားမကျ​သေးတာပဲ။

တိုစိပ်​စိပ်​မျက်​​တောင်​​လေး​တွေနဲ့ အိပ်​တာ​တောင်​မျက်​​မှောင်​ကျုံ့ထားတယ့်​ ထိုလူသားသည်​ မာန်​မကျ​သေးတယ့်​က​လေးပုံစံနှယ်​။
မ​နေ့ညသူBarက အလုပ်​ဆင်းချိန်​က ညသန်း​ခေါင်​ဖြစ်​​နေတယ့်​ ၁၂နာရီစွန်းစပြု​နေပြီ။
အိပ်​ချင်​တာ​ရော၊ဗိုက်​ဆာတာ​ရော​ပေါင်းပြီး တဂျီဂျီဖြစ်​​နေတယ့်​ Oh Sehunကို သူဘယ်​လိုနည်းနဲ့မှစိတ်​မရှည်​နိုင်​​တော့။
အလုပ်​ကို ​ဖြောင့်​​ဖြောင့်​မလုပ်​ရဘဲ တ​ကောက်​​ကောက်​နဲ့ သူ့​နောက်​လိုက်​​နေ​တော့ အလုပ်​က​စော​စောမဆင်းရဘဲ အချိန်​ပိုကြာပြန်​​ရော ဒါကိုကိုယ်​​တော်​က အိမ်​မပြန်​ရလို့ဂျီတိုက်​​နေ​တော့ သူစိတ်​တိုတိုနဲ့ ​အော်​ထုတ်​မိ​တာ အ​ခေါက်​​ပေါင်းမနည်း။

"မင်းကိုထိုင်​​နေလို့ ​ပြော​တော့လည်း ငြိမ်​ငြိမ်​မ​နေဘူးလား။ငါ့ကိုဘယ်​လိုလုပ်​​စေချင်​​နေတာ Oh sehun!!ငါအလုပ်​လုပ်​​နေတယ်​​လေ"

တချက်​ငိုမဲ့မဲ့ဖြစ်​သွားတယ့်​ ထို​ကောင်​​လေးက ဆွဲထားတယ့်​သူ့အင်္ကျီစ​လေးကို မလွှတ်​​ပေး​သေး။ပေပြီးရပ်​​နေတုန်း။

"ကိုယ်​​တော်​....အိပ်​ချင်​လို့"

"ဟ!အိပ်​ချင်​လည်း ခဏ​တော့သည်းခံ​လေကွာ။ငါအ​ပျော်​လာလုပ်​တာ မဟုတ်​ဘူး။သွား lockerခန်းထဲသွား​နေ"

သူ့​အော်​သံ​ကြောင့်​ စပ်​စုလိုစိတ်​သန်း​နေတယ့်​ ဧည့်​သည်​တစ်​ချို့ရဲ့ မျက်​ဝန်း​တွေက သူတို့ထံ​ရောက်​ရှိလာပြီ။

17 Century PrinceWhere stories live. Discover now