Part_3

474 60 5
                                    

*BitterSweet*

" ဂျိန်း!!!"

မိုးချိန်းသံတစ်စုံနဲ့ မှိုင်းညို့ညို့ ကောင်းကင်ဟာ မိုးရွာတော့မယ်လို့ အချက်ပေးနေပြီ။ ဒီနေ့မှ ကျောင်းစတတ်ရမယ့် ဘတ်ခ်ဟွန်းတစ်ဖြစ် ပေါ့ရှန်ဟာ အကြီးအကျယ် စိတ်ပျက်နေလေသည်။


*ဟင်း....အခုမှကျောင်းစတက်မှာကိုး..မိုးကလည်း ရွာမယ့်ပုံပဲ *

ဗြောင်ဘတ်ခ်ဟွန်းအဖြစ် ရှင်သန်ရတော့မယ့် ပေါ့ရှန်ဟာ မနေ့ညထဲ အရင်ဘတ်ခ်ဟွန်းရဲ့ နေသွားတဲ့ အခန်းထဲမှာ ကျောင်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ရှာဖွေခဲ့သည်။ သို့သော်လည်း တဖြည်းဖြည်းသာ ညနက်လာသည်.. လုံးဝရှာမတွေ့ခဲ့။ဒါနဲ့ဘဲတွေ့သမျှစာအုပ်တွေသာကောက်ထည့်လာလိုက်တော့သည်....။
သူ့အတွက်အဆင်ပြေတာက
ဒီစာတွေက Bussiness Management ဖြစ်နေတာပဲ။
သူ့ဟာ အရင် ပိုင်ပေါ့ရှန်ဘဝတုန်းကလည်း Bussiness Management အပြင် MBA ပါရထားပြီးပြီ။ ဒါကြောင့် ဒီဘတ်ခ်ဟွန်းရဲ့ ဘဝကိုလည်း သူအကောင်းဆုံးလုပ်နိုင်ပေးမယ်လို့ ထင်သည်။

ပေါ့ရှန်အနေနဲ့ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။.
သူဘွဲ့ရပြီး နှစ်အနည်းငယ်ကြာမှ တက္ကသိုလ် ကျောင်းသားဘဝကို ပြန်လည်ရောက်ရှိလာသည်ကိုး။
သူ ကျောင်းမှာ သူငယ်ချင်းအသစ်တွေနဲ့ ပြန်ပေါင်းသင်းဆက်ဆံရတော့မည်။..

ဆေးရုံတတ်ရသည့်အချိန်အတွင်း သူသတိထားမိသည်က သူ့ကို လူနာသတင်းလာမေးမည့် သူငယ်ချင်းတစ်ယောက်တောင်မရှိတာပဲ။..
အရင်ဗြောင်ဘတ်ခ်ဟွန်းဟာ သူငယ်ချင်းရှိရဲ့လားလို့တောင် သံသယဝင်မိသည်။
အတွေးနဲ့အတူ ကျောင်းသွားဖို့ အဝတ်ဗီရိုတစ်ခုကို ဆွဲဖွင့်လိုက်သည်။
မြင်ကွင်းထဲ မြင်တွေ့ရသည်က...ခပ်မှိုင်းမှိုင်းအရောင်ရှိသော အင်္ကျီအဝတ်အစားတစ်ချို့။

"မင်းကဒီလောက်မှိန်တိန်တိန်နေမှတော့ suicide လုပ်တာမစမ်းဘူးလို့ ငါထင်တယ် ဘတ်ခ်ဟွန်း ဒါပေမယ့် ငါကပေါ့ရှန် မင်းဘဝကို ငါအရောင်တင်ပေးပါ့မယ် ငါကိုယုံလိုက်ပါ ဟက်"

ကိုယ့်ကိုကိုယ်ရေရွတ်ရင်းဖြင့် ဘတ်ခ်ဟွန်းအဖြစ်ခံယူထားရတဲ့ ပေါ့ရှန်ဟာ အင်္ကျီတွေထဲက အသစ်လွင်ဆုံးလို့ထင်ရလောက်တဲ့ ခရမ်းရောင်ခေါင်းစွပ်Hoddieလေးနဲ့အတူ အမဲရောင်ဂျင်း အရှည်ကို တွဲဖက်ဝတ်ဆင်ပြီး..လွယ်အိတ် လွယ်ကာ အိမ်အောက်ထပ်ခင်းလာခဲ့သည်။

 BitterSweetNơi câu chuyện tồn tại. Hãy khám phá bây giờ