Part-2

637 57 4
                                    

*BitterSweet*

မျက်နှာပေါ်သို့ ရှပ်တိုက်သွားသော လေနုအေးက အေးချမ်းတယ်..။ ကိုယ်ပေါ်သို့ကျရောက်လာတဲ့ နေရောင်ခြည်ကြောင့် ကြည်နူးစွာ ဘာရယ်မဟုတ် သူပြုံးဖြစ်တယ်။ ယခု သူ ရပ်နေတဲ့ နေရာက ဆေးရုံရဲ့ အပြင်ဘက် ဆင်ဝင်အမိုးအောက်မှာဖြစ်တယ်။...လောကတရားကြီးဟာ..သူ့အလုပ်ကို သူပုံမှန်လုပ်ဆောင်နေတယ်..။ သူ့အရှေ့က ဖြတ်လျှောက်သွားတဲ့ လူနာတွေ...တာဝန်ကျ ဆရာဝန်တွေ သူနာပြုတွေကို သူ အဓိပ္ပာယ်မဲ့စွာ ငေးမောရင်း ပြုံးမိသေးတယ်..။....အရာအားလုံးဟာ ဖြစ်ရိုးဖြစ်စဉ်တိုင်း.. သွားနေပင်မယ့်...သူကတော့မဟုတ်ခဲ့ဘူးလေ။.
လက်ရှိအခြေအနေမှာ...သူဟာ သူမဟုတ်သော အခြားသူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲရောက်နေခဲ့ပြီ။..သူ့ရဲ့ အရင်ဘဝက ခန္ဓာအဖြစ်တည်ရှိခဲ့သော ပေါ့ရှန်ကရော သေသွားခဲ့ပြီးလား...သို့မဟုတ်..ဆေးရုံကုတင်ပေါ်မှာပဲ.. ကိုမာဝင်ကာ ကျန်ရစ်နေသေးလား..သူမသိ။
ဘာဆိုဘာမျှ မသိသေးခင် ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်ဖြစ်သော ဗြောင်းဘတ်ခ်ဟွန်းအစား...သူရှင်သန်ရတော့မယ်။

'ကျွီ!!!'

တခဏတာ အတွေးထဲရွက်လွှင့်နေရင်း...သူ့မျက်စိရှေ့သို့ ပြိုင်ကားအနီရဲရဲတစ်စီး အရှိန်ပြင်းစွာ ဝင်ရောက်လာတာကြောင့်...သူအမှန်တကယ် ထိတ်လန့်သွားသည်မှာ...စိတ်ထဲက ကျိန်ဆဲမိလိုက်တဲ့ အထိ..။

" သား"

မှန်တံခါးကို ဖွင့်ချရင်း..နေကာမျက်မှန်တပ်လျက်သားနဲ့ ချောမောနေသော မိန်းမပျိုမှာ..သူ့အမေဆိုသူဖြစ်လို့နေတယ်။..
အို!!သူမက ဘာလို့ဒီလောက်တောင်..ခေတ်ဆန်ရတာလဲ!။

"သား!ကားပေါ်တတ်လေ.။ မေမေတို့အိမ်ပြန်ကြမယ်"

သူ အိပ်ရာက နိုးပြီး သိပ်မကြာခင်မှာ..သူ့ရဲ့ အမေဆိုသူကို ဆေးရုံမှ ဆင်းပေးရန် ခွင့်တောင်းခဲ့တယ်။ သူ့ခန္ဓာကိုယ်အနေအထားအရ သူဟာ ကျန်းမာနေတာကြောင့်...ဆေးရုံခန်းထဲမှာ ကြာကြာထိုင်မနေချင်တော့ဘူး..။သူ့ရဲ့ ဘဝအသစ်ဖြစ်တဲ့ ဗြောင်းဘတ်ခ်ဟွန်းဘဝကို စတင်ရမှာကြောင့် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်သင့်ပြီလေ။

 BitterSweetTempat cerita menjadi hidup. Temukan sekarang