*BitterSweet*
"ကိုကို ...အခုတလော ချစ်တို့တွေ့ဖို့တောင် ဖုန်းမဆက်နိုင်ရအောင်..အလုပ်ရှူပ်နေခဲ့တာလား "
၁၁ဒီဂရီစင်တီဂရိတ်ကိုရောက်နေသော ရာသီဥတုကြောင့်..ချန်းယောလ်နဲ့ သူ့ရည်းစား..ဘယ်မှသွားမနေတော့ပဲ ဘွိုင်လာဖွင့်ထားလို့ နွေးနေတဲ့ ကားပေါ်မှာပဲထိုင်နေခဲ့ခြင်းဖြစ်သည်။
အခုလည်း သူမက ဒီရက်ပိုင်းအတွင်း မတွေ့ရသည်ကို စကားတွေနဲ့ထိုးနှက်ကာ ရစ်နေလေ၏။သူကလည်း သူပဲ။..အခုတလော..ဘတ်ခ်ဟွန်းနဲ့ ဆက်ဆံရေးပြေလည်နေတဲ့နောက်ပိုင်း...အတူသွား အတူလာကများနေခဲ့သည်လေ။
"ကိုကို..နံရံတိုင်းမှာ. နားတွေရှိနေတတ်တယ်နော်..."
"ချစ်ကဘာကိုဆိုလိုတာလဲ?"
သူမစကားကိုကြားတော့ ချန်းယော်လ်ဟာ သူမဘက်သို့မျက်နှာလှည့်ကာ မေးလာခဲ့သည်။
"တော်သေးတာပေါ့ ကိုကို ချစ်ဘက်ကို ဒီနေ့မျက်နှာလှည့်လာသေးလို့...
ချစ်တို့က ကျောင်းသာ မတူတာ ကိုကို့သတင်းတွေတော့ အမြဲတမ်းကြားနေရတယ်ကိုကို..
ဥပမာ..ဘောလုံးကွင်းထဲက ကိုကိုတို့ပုံတွေရယ်...နောက်ပြီး. ကိုကိုရယ် အဲ့ကောင်လေးရယ်..အခုတလော တွဲသွားတွဲလာရှိနေတာရယ်.အကုန်ပြန်ကြားနေရတယ်ကိုကို""ဒီကိစ္စက ကိုယ်တို့၂ယောက်ကြား..ကတောက်ကဆဖြစ်ရလောက်အောင်ထိကြီးလား ချစ်... "
သူမက မာနကြီးပြီးမောက်မာပင်မယ့်..ချန်းယော်လ်အပေါ်ဆို..ကလေးလေးလိုဖြစ်နေတတ်ပြီး..ဖြူစင်နေတတ်သူ။ချန်းယော်လ်ဘာဖြစ်ဖြစ်..နားလည်ပေးတဲ့သူ။..အခု ဘတ်ခ်ဟွန်းနဲ့ကြမှ သူမဘာလို့ဒီလောက်ဖြစ်ပျက်နေလည်းဆိုတာ စဉ်းစားမရ။
"မဟုတ်ဘူး.ကိုကို..အရင်က ဘတ်ခ်ဟွန်း ကိုကို့ကို ချစ်နေတာသိရတုန်းက ကိုကိုအရမ်းရွံ့မုန်းသွားတယ်လို့ ပြောခဲ့တယ်လေ။..ချစ်နဲ့တူတူ ကော်ဖီဆိုင်မှာထိ ကိုကိုခါးခါးသီးသီးဖြစ်နေတုန်းပဲလေ။..ဘာလို့..အခုမှ... ချစ်နဲ့တစ်ပတ်လောက် အဆက်အသွယ်ပြတ်သွားတဲ့အချိန်ကြမှ..အရမ်းတွေအဆင်ပြေနေရတာလဲ ...အဲ့ကောင်လေးက ကိုကို့ကို ဘယ်လိုများ ကြာပစ်လိုက်လို့လဲ"
