Part_12

452 58 49
                                    

*BitterSweet*

ချမ်းအေးလွန်းတဲ့ ဆောင်းမနက်ခင်းမှာ..စောင်ပုံကြားထဲ တိုးဝင်အိပ်ရတဲ့ အရသာသည်..အနှစ်သာရအပြည့်ရှိ၏။..
အခန်းထဲ ဘွိုင်လာ(အပူပေးစက်)မှ လေငွေ့နွေးနွေးလေးကလည်း အခန်းထဲလွှမ်းခြုံထားသေးသည်။....

"တီ..တီ..တီ"

သူ့တာဝန်သူကျေသော..alarm ဆိုသည်မှာလည်း..သူ့အချိန်ကျရောက်တာနဲ့..တန်းကိုမြည်တော့တာပဲ။

'အာ့ခ်ျ...နားညီးလိုက်တာကွာ..'

"နားငြီးမနေနဲ့ ချန်းယော်လ်လီ မနက်ခင်းစောစောလေးထပြီး..ငါ့ကိုဆိုင်လိုက်ပို့ပေးဖို့လုပ်"

အခန်းတံခါးကိုတွန်းဖွင့်ရင်း..ချန်းယော်လ်ရဲ့မေမေဝင်လာသည်။ တရစပ်မြည်နေတဲ့ alarm ကိုပိတ်ကာ..ခန်းစီးလိုက်ကာတွေကို လိုက်ဖွင့်နေ၏။..ပါးစပ်ကလည်း..ချန်းယော်လ်ကို နိုးရသေးသည်။

"ဘယ်နှနာရီ ရှိပြီးလည်း မေမေ "

"၇နာရီ"

"ဟာ..မေမေရာ.. အစောကြီးကို နှိုးရလား "

ကျောင်းပိတ်ရက်ရှည်လည်းဖြစ်သလို..ဘာအလုပ်လုပ်မှလည်း လုပ်စရာမရှိတာကြောင့်.ချန်းယော်လ်တစ်ယောက် ညနက်တဲ့အထိဂိမ်းဆော့ပြီး..မနက်ခင်းကို နောက်ကျမှထမည်ဟု ကြံရွယ်ထားခြင်းဖြစ်၏။

"ဘာကို အစောကြီးလည်း အကောင်စုတ်လေးရဲ့ ဒီအချိန်က လူထချိန်ဖြစ်နေပြီဟဲ့...ထစရာရှိတာ ထ.."

ကျောပြင်ကို တစ်ချက်၂ချက်လောက် ရိုက်ပေးပြီး..ချန်းယော်လ်ရဲ့အမေနှိုးနေသော်လည်း..
အကောင်စုတ်လေးက တစ်ချက်တောင်မလှုပ်။

"မထဘူးလား..အိုခေလေ..ဒါဆို.. မင်းလိုချင်နေတဲ့..ကားအသစ်ကိုမလဲပေးဘူးနော် "

ပတ်ခ်ချန်းယော်လ်တို့...ဒါမျိုးတော့အဖြစ်မခံနိုင်ပါနော်။ သူ့အမေကို အသည်းအသန်ပူဆာထားရတဲ့ ကားလေးက လက်တစ်ကမ်းအလိုမှာကို..ဒီလိုအိပ်ယာမထတာလောက်နဲ့
တော့..မလဲနိုင်ဘူး။

 BitterSweetWhere stories live. Discover now