*BitterSweet*
ဒီကနေ့ကျောင်းတက်ရတာ မနေ့ကလိုပဲ အကြည့်တွေလက်ခံရဆဲ။
ကျောင်းမှလူတိုင်းရဲ့အကြည့်ဟာ ပေါ့ရှန်ထံ ကျောင်းဝင်းထဲခြေဆန့်ချိန်မှစ၍ ဝင်ရောက်လာပြီး ကိုယ်ပိုင်နေရာတွင် ထိုင်ချလိုက်သည်အထိ။ပေါ့ရှန် ဒီအကြည့်တွေကို ဘတ်ခ်ဟွန်းစဖြစ်လာချိန်မှစ၍ တစ်ခါနှစ်ခါမက ခံရဖူးသော်ငြားလည်း ယခုမှာတော့ဖြင့် ပိုလို့ပင်ဆိုးရွားစွာ ကောင်မလေးများကပါ သူ့အားကြည့်ရင်းတတွတ်တွတ်တွတ်ထိုးနေကျသည်ဖြစ်ရာ ဘတ်ခ်ဟွန်း စာကိုပင် အာရုံမစိုက်နိုင်လောက်အောင် တစ်ခုခုတော့ဖြစ်နေပြီလို့ထင်နေမိသည်။ထို့နောက် အရေးကြီးသည့်အတန်းချိန်များသင်ယူပြီးတာနဲ့ မိုင်နာချိန်များသည်တက်ရန်မလို။ သူသည်ချက်ချင်းနားနေခန်းသွားကာ အင်္ကျီလဲဝတ်ပြီး အားကစားကွင်းအားခြေဆန့်တော့သည်။
ပေါ့ရှန်နှင့်အတူလေ့ကျင့်ခဲ့သည့် ကစားသမားများသည် ပေါ့ရှန်အား သွေးပူလေ့ကျင့်ခန်းလုပ်နေရင်းပင် ကြောင်အန်းအန်းဖြင့်ကြည့်ကျကုန်၏။
ပေါ့ရှန်သည် ထိုအကြည့်တို့အားလွန်၍လွတ်နေသည့် သူ့နေရာ၌ပုံမှန်အတိုင်းပင် ထရိန်နီဆင်းနေတော့သည်။ ပေါ့ရှန်အားရင်းနှီးချင်နေသော ကောင်လေးတစ်ယောက်က လေ့ကျင့်ခန်းလုပ်သလို လက်မြောက်ရင်းချရင်းဖြင့် အနားကပ်လာကာ
"ဘတ်ခ်ဟွန်း မင်းပြန်ကောင်းသွားပြီလား?"
ပေါ့ရှန်က လေရှုသွင်းရှုထုတ်ရင်းပင် ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။
"ဒါပေါ့ ငါအကောင်လိုက်ကြီးရှိနေတာတောင် မင်းကဘာမြင်ချင်သေးလို့လဲ"
အဲ့တော့မှ သကောင့်သားက လေ့ကျင့်ခန်းမလုပ်နိုင်တော့ဘဲ လက်ကာကာဖြင့် စကားဆိုတော့သည်...။
"ငါပြောချင်တာ အဲ့တာမဟုတ်ဖူးကွ မင်းနဲ့ စီနီယာချန်းယောလ်းက ဘာတွေလဲ..."
ပြောရင်း ထိုကောင်လေးက အနားကပ်လာရင်း လေသံတိုးတိုးနဲ့ ပေါ့ရှန်နားကပ်ကာ
"...မင်းတို့ရဲ့ရိုမန့်တစ်ဆန်ဆန်အချစ်ဇာတ်လမ်းကြီးက အွန်လိုင်းမှာ ကောင်းကောင်းကြီးပြန့်နှံ့ နေတာသိရဲ့လား?"