Part_4

481 56 8
                                    

*BitterSweet*

"ဘတ်ခ်ဟွန်းနီ သားငယ် ထတော့လေ"

ကုတင်ပေါ်မှာ အိပ်နေတဲ့ သူမ သားငယ်ဟာ သိပ်ကိုဖြူစင်သော ကလေးငယ်လေးပင်။
စောင်ပုံကြားထဲပုဇွန်ထုပ်ကွေး အိပ်တတ်သည့်
ငယ်ငယ်ထဲက အကျင့်မပျောက်သေး။

"ဘတ်ခ်ဟွန်းနီရေ..ဒီနေ့ မေမေနဲ့ဆိုင်လိုက်မယ်ဆို မထသေးဘူးလား"

သူမသားကို နောက်တစ်ချိန်ထပ်နှိုးရင်း..အခန်းထဲက ခန်းစီးလိုက်ကာတွေကို ဖွင့်ပေးဖြစ်၏။

"ငါးမိနစ်ပဲ မား ကျွန်တော်အိပ်ချင်သေးလို့"

အိပ်မှုံစုပ်ဖွားနဲ့ ပေါ့ရှန်ဟာ သူ့ကိုသူ ဘယ်လိုပြောလိုက်မိမှန်းမသိပေ။ မားကို ပြောနေကြအကျင့်အတိုင်းပြောလိုက်မိသည်။

"အမ်...အော် အေးပါ...ဒါဆိုလည်း တအောင့်ကြာရင် ရေချိုးပြီး ဆင်းခဲ့တော့နော်.မေမေ ဒီနေ့နောက်ကျလို့်မဖြစ်ဘူး"

သူ့မေမေ ထွက်သွားပြီးတော့ ပေါ့ရှန်နှိုးလာခဲ့သည်။ မျက်နှာသစ် ရေချိုးကာ အဆင်ပြေပြီး ပေါ့ပါးမယ့် အဝတ်အစားကို ဝတ်ဆင်ပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့သည်။

"ဘတ်ခ်..သား ဘာစားမလဲ?ပေါင်မုန့်ကို စတော်ဘယ်ရီပဲသုတ်မလား..ထောပတ်ကော သုတ်အုန်းမလား "

စားပွဲပေါ်မှာ ပေါင်မုန့်တစ်ချို့ရယ် အသားပြား အရွက်ဆလပ်သုပ်တွေက နေရာယူထားလေသည်။

" ရတယ် မေမေ...ကျွန်တော့ဘာသာ လုပ်လိုက်ပါ့မယ်..
မေမေ အေးဆေးစားပါ"

တဖြည်းဖြည်းနဲ့ တည်ငြိမ်ရင့်ကျက်လာဟန်ရှိသော ဘတ်ခ်ဟွန်းလေးက သူမမျက်လုံးထဲမှာ ဘာနဲ့မှ လဲလို့မရတဲ့ ရတနာလေး တစ်ပါးလိုပင်။

မနက်စာ စားပြီးချိန်မှာတော့ ပေါ့ရှန်ပြဿနာ အကြီးအကျယ်တတ်ပြန်လေပြီ။..ယနေ့က စနေပိတ်ရက်ဖြစ်နေတာကြောင့် ကားမောင်းပေးတဲ့ ဦးလေးဂင်မ်က အလုပ်နားလေသည်။...ဒါ့ကြောင့် ပေါ့ရှန် သူမနဲ့အတူတူ ဆိုင်လိုက်မယ်လို့ ဆုံးဖြတ်ထားတာပင်။ ဦးလေးဂင်မ် မရှိတော့ သူ မစီးရဲတဲ့ သူမမောင်းမယ့်ကားပေါ်လိုက်စီးရအုန်းမည်။

 BitterSweetOnde histórias criam vida. Descubra agora