*BitterSweet*ပေါ့ရှန် စိတ်တိုတိုနဲ့ ပါတီထဲကို ပြန်ဝင်လာခဲ့သည်။
ထိုသူ့အနားမှာ ဆက်နေနေရင် ဒီ့ထက်ဆိုးတာတွေပဲ ဖြစ်လာနိုင်တာကြောင့်...တမင်ရှောင်လာခဲ့လိုက်တော့တာ။ပါတီထဲက သူရဲ့အမေမှာလည်း အခုထိစကားပြောလို့မပြီးသေးပေ..။
စကားပြောဖော်မရှိတာကြောင့်လည်း...ပျင်းနေမိသည်။...ဒီအချိန်မျိုး အကိုဂျင်ဟော့သာ ရှိရင်ကောင်းမှာပဲဆိုတဲ့ စိတ်လေးကဝင်လာ၏။"ဘတ်ခ်ရေ ပျင်းနေပြီလား..မေမေလည်း ဒီမှာ သူငယ်ချင်းတွေနဲ့ စကားကောင်းနေတာ...သားပျင်းနေရင် သားအကို ချန်းယော်လ်နဲ့စကားသွားပြောချေလေ..
အရင်တုန်းကတော့..အကိုချန်းယော်လ် ချန်းယော်လ်နဲ့ အခုကျတော့..ပါတီထဲရှိတာတောင် အဖတ်မလုပ်တော့ဘူးလား"သူ့အမေပြောနေတဲ့ ချန်းယော်လ်ဆိုတဲ့ သူကို သူမသိဘူးလေ။ နာမည်သာ သူ့အမေပြောလို့ ကြားဖူးနေမိတာ!! ဘယ်လိုလုပ်စကားသွားပြောရမှာလဲ?
"ဟော..ဟိုမှာ ချန်းယော်လ်လာပြီ "
သူ့အမေညွှန်တဲ့နေရာကို ပေါ့ရှန်လှည့်ကြည့်လိုက်သည်။
အို!! ဘုရားသခင်....သူနဲ့တွေ့တိုင်း မျက်နှာကြောမတည့်တဲ့သူက ချန်းယော်လ်တဲ့လား.!!
ဒါဘယ်လိုရေစက်ဆိုးကြီးတုန်း!!"ချန်းလေးရေ...အန်တီလေး ဟိုဘက်မှာစကားသွားပြောအုန်းမယ်..မင်းညီလေးနဲ့ နေခဲ့ပေးအုန်းနော်"
ကြွကြွရွရွနဲ့ထွက်သွားသော အမေဟာ..ပိုင်ပေါ့ရှန်ကို လူဆိုးကြီးလက်ထဲ စိတ်ချစွာ ထည့်သွားလေသည်။
သူ့အမေကတော့ ပေါ့ရှန်ရဲ့ အားကိုးတကြီး အကူအညီတောင်းနေတဲ့ မျက်ဝန်းလေးတွေကို ကျောခိုင်းသွားတော့သည်။"ရှုံ့မဲ့မနေနဲ့..ဗြောင်းဘတ်ခ်ဟွန်း ..မင်း..အခုတော့ ငါ့ကိုမှတ်မိပြီလား "
သူ့အနားကို တဖြည်းဖြည်းနဲ့ကပ်လာသော... ချန်းယော်လ်ကြောင့်..ပေါ့ရှန်ပြေးပေါက်ပိတ်နေတော့သည်။
"ဘာလုပ်မလို့လဲ...ခင်ဗျားကို ကျွန်တော်စိတ်မဝင်စားဘူးလို့ ပြောပြီးပြီလေ..."
![](https://img.wattpad.com/cover/155179109-288-k108711.jpg)