Fake Love(Ep2)💔
သူ့ကျောကိုတဗုန်းဗုန်းနဲ့ထုနေတဲ့ ကောင်မလေးကို ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်ငြိမ်လေးသာကြည့်နေလိုက်သည်
ပြောရင်လည်း သူ့ပားစပ်က ကြမ်းကြမ်းတမ်းတမ်း ပြောတတ်သည်မို့ ဒီကောင်မလေးထပ်ငိုနေမှဖြင့် ကျောင်းမရောက်ဘဲဖြစ်နေလိမ့်မည်"ဆက်ငိုနေဦးမှာလား"
ဘုဆတ်ဆတ်နဲ့မေးနေတဲ့သူ့ရုပ်က အမြင်ကတ်စရာကြီး
နောက်က နရင်းပိတ်အုပ်လိုက်ရင်တော့ဖြင့် ငါ့လက်စာမိတော့မည် ဒီတစ်ယောက်!
စိတ်ထဲမှာ သူ့ကိုမကျေနပ်တာတွေပွစိပွစိပြောနေသော်လည်း အပြင်မှာတော့ ထုတ်မပြောဖြစ်ခဲ့
ပြောလည်း ဆုံးနိုင်မှာမှမဟုတ်တာ.."တက်မယ် "
အငိုတိတ်ပြီး သူ့ကိုမျက်စောင်းထိုးကာ စက်ဘီးနောက်ခုံပေါ် တက်ထိုင်လိုက်တာနဲ့ သူ့ရဲ့သန်မာတဲ့ ခြေထောက်တွေနဲ့ ကျောင်းသို့ စက်ဘီးစနင်းလာခဲ့သည်.
လမ်းတစ်လျှောက်လုံး သူ့ခါးကိုမဖက်ဘဲ စက်ဘီးခုံရဲ့လွတ်နေတဲ့ နေရာလေးကို အသာလေးထိန်းကိုင်ပြီး ငြိမ်ငြိမ်လေးလိုက်ခဲ့သည်..
လက်ကောက်ဝတ်က ဘယ်လောက်နာနေပါစေ အရှေ့က စက်ဘီးနင်းနေတဲ့တစ်ယောက်ကို လုံးဝထိန်းမကိုင်ထားခဲ့..
ယောက်ျားလေးတစ်ယောက်ရဲ့အသားကို တော်ရုံနဲ့မထိတွေ့တတ်သည်မှာ သူမရဲ့အကျင့်.
ကျောင်းမှာရည်းစားဘယ်လောက်ရှုပ်ရှုပ်.
မိမိအသားကိုတောင် အထိမခံ.
အမှန်အတိုင်းပြောရလျှင် ထည်လဲတွဲခဲ့တဲ့ သူမရဲ့ကောင်လေးတွေအားလုံးက သူမကို
နမ်းနိုင်ဖို့နေနေသာသာ အသားပင်ပေးမထိတာကြောင့် မြန်မြန်ပြတ်သွားရခြင်း.
ဘယ်နှစ်ယောက်ပြတ်ပြတ် တစ်ယောက်ပြီးတစ်ယောက် သူမဆီရောက်လာရတာ သူမရဲ့ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးကြောင့်.
ချစ်ဖို့ကောင်းတာကို အသုံးချပြီး ယောက်ျားလေးတွေနဲ့ လက်ပွန်းတတီးမနေတတ်သည်ကလည်း သူမရဲ့ရိုးသားတဲ့အကျင့်လေးတစ်ခု..
![](https://img.wattpad.com/cover/156373542-288-k473036.jpg)
YOU ARE READING
Fake Love [Completed]
Fanficသူ့ဆိုးသွမ်းမှုအောက်မှာအကြိမ်ကြိမ်အခါခါကျရှုံးတဲ့ ကျွန်မကို သူက အရူးတစ်ယောက်လို့သတ်မှတ်ထားတယ် သူ့ဆိုးသွမ်းမှုအောက်မှာအကြိမ်ကြိမ်အခါခါကျရှုံးတဲ့ ကျွန်မကို သူက အရူးတစ်ယောက်လို့သတ်မှတ်ထားတယ်