Ep4

6.6K 518 6
                                    

Fake love(Ep4)💔

သူ့လက်​ကိုဆုတ်​ကိုင်​ထားရတာ အရမ်းကို​နွေး​ထွေးသည်​..
တစ်​ခါတစ်​ရံ နာကျင်​မှု​ပေးတတ်​တဲ့ လက်​ကိုမှ ဆက်​ပြီးမလွှတ်​ပဲဆုတ်​ကိုင်​ထားချင်​မိတာ
ကိုယ့်​အပြစ်​လား¿
ကိုယ့်​ကို နာကျင်​​အောင်​လုပ်​တတ်​တဲ့သူ့ရဲ့အပြစ်​လား¿
ဝေခွဲမရ​တော့တဲ့ တစ်​​နေ့..
သူနဲ့သူမကြား ခွဲခွာမှုဆိုတာ ​ရောက်​လို့လာမလား¿

................
"လက်​​ပေး​နေတယ်​​လေ"

သူ့ကို​ကြောင်​ကြည့်​​နေတဲ့ကိုယ့်​ကို စိတ်​မရှည်​​တော့သည့်​ဟန်​ဖြင့်​​ပြောလာတာ​ကြောင့်​ သူ့လက်​ကို အမြန်​ဆုတ်​ကိုင်​မိချိန်
ရင်​ထဲမှာ ဒုတ်​ခနဲမြည်​သံတစ်​ခု..
ထိုမြည်​သံကို သူကြားသွားမှာဆိုးတာ​ကြောင့်​ သူကြားသွားမလားဆိုသည့်​​ကြောက်​စိတ်​ဖြင့်​ သူ့လက်​ကို တင်းတင်းဆုတ်​ကိုင်​ထားကာ ဆက်​ပြီး ​ကြောင်​​အမ်းအမ်းဖြင့်​ ​မော့ကြည့်​​နေမိသည်​...

"ကျစ်​"

သူ့လက်​နားက ​သွေးစို့​နေတဲ့​နေရာ​လေးကို သူမ လက်​နဲ့တို့ထိမိလို့ နာသွားသည်​ထင်​..
ရုပ်​ကရှုံ့မဲ့ကာ စုတ်​တစ်​ချက်​သပ်​လိုက်​သည်

"ဟင်​..ဘာဖြစ်​တာလဲ.."

"လက်​"

သူ့ရဲ့​သွေးစို့​နေတဲ့လက်​ကို မျက်​စပစ်​ပြကာ​ပြော​တော့မှ

"အာ..​သွေး​​​တွေစို့​နေတယ်​"

ပြောရင်းက လက်​ကဒဏ်​ရာက ​ပေါက်​ပြဲစပြုလာပြီး ​သွေးနည်းနည်းတစ်​စက်​နှစ်​စက်​ထွက်​လာ​တော့သည်
ဟိုလူကိုဘယ်​​လောက်​​တောင်​ထိုးလိုက်​လို့လဲမသိ..လက်​​တောင်​​သွေးထွက်​သွားတယ်​ဆို​တော့..
အနားက ​မေ့လဲ​နေတဲ့ ဟိုလူကိုလှမ်းကြည့်​မိ​တော့ သူ့လက်​စာ​ကြောင့်​ သတိလစ်​​နေသည်​ထင်​...
မျက်​နှာတစ်​ခုလုံးလည်း ​သွေး​တွေနဲ့..
လူ​တောင်​ သူ့နား​နေရတာ ခပ်​လန့်​လန့်​ဖြစ်​လာသည်

"အဆင်​​ပြေရဲ့လားဟင်​!​ဆေးထည့်​​ပေးရမလား!အိမ်​လိုက်​ခဲ့မလား?"

သူ့ကိုသနားလည်းသနားခပ်​လန့်​လန့်​လည်းဖြစ်​ကာ​ကြောင်​ကြည့်​​နေသည့်​ ​ထို​ကောင်​မ​လေးကို သူ အသည်း​တွေယား​နေတာအမှန်​..
အ​ရေးထဲ သူ့လက်​ကိုကိုင်​ထား​သေးတာ​ကြောင့်​ ရင်​ခုန်​သံ​တွေကအတိုင်းမသိ..
သူထိုရင်​ခုန်​သံ​တွေကိုမုန်းသည်​..
သူတွဲခဲ့ဖူးတဲ့ မိန်းက​လေး​တွေအများကြီးနဲ့ ထိထိကိုင်​ကိုင်​ ​နေခဲ့​ပေမယ့်​ သူတစ်​ချက်​​လေးမှရင်​မခုန်​ခဲ့ဖူး​ချေ..
ဒီ​ကောင်​မ​လေးနဲ့ကျမှ...

Fake Love [Completed]Where stories live. Discover now