Ep17

5.1K 400 26
                                    

Fake Love(Ep17💔)

~~~~~~~~~

ကမ္ဘာ​ပေါ်မှာ အ​ဝေးဆုံးအကွာအ​ဝေးဆိုတာ ရှင်​ခြင်း​သေခြင်းမဟုတ်​ဘူး။
နင့်​​ဘေးမှာ ငါရှိရက်​နဲ့ ငါရှိတာကို နင်​မသိတာပဲ။

ကမ္ဘာ​ပေါ်မှာ အ​ဝေးဆုံးအကွာအ​ဝေးဆိုတာ
နင့်​ဘေးမှာ ငါရှိရက်​နဲ့ ငါရှိတာကို နင်​မသိတာမဟုတ်​ဘူး။
နှစ်​​ယောက်​စလုံး ချစ်​ရက်​နဲ့ အတူမ​နေကြတာပဲ။

ကမ္ဘာ​ပေါ်မှာ အ​ဝေးဆုံးအကွာအ​ဝေးဆိုတာ
နှစ်​​ယောက်​စလုံး ချစ်​​နေရက်​နဲ့ အတူမ​နေကြတာ မဟုတ်​ဘူး။
ချစ်​​နေလွမ်း​နေရက်​နဲ့ စိတ်​မ၀င်​စားသလို ဟန်​​ဆောင်​​နေရတာပဲ။

ကမ္ဘာ​ပေါ်မှာ အ​ဝေးဆုံးအကွာအ​ဝေးဆိုတာ
ချစ်​​နေလွမ်း​နေရက်​နဲ့ စိတ်​မ၀င်​စားသလို ဟန်​​ဆောင်​​နေရတာ မဟုတ်​ဘူး။
အေးစက်​တဲ့ အသည်းနှလုံးနဲ့ ကိုယ်​ချစ်​တဲ့ သူကို ဥပက္ခာပြုလိုက်​တာပဲ။

Tae မှာ အဲ့လို​အေးစက်​တဲ့ အသည်းနှလုံးမရှိဘူး..Jung။
Tae ချစ်​တဲ့ Jung ကို ဥပက္ခာပြုနိုင်​​လောက်​တဲ့ ဒီနှလုံးသား​လေးက တစစီ​ကြေမွ​နေပြီမို့။

~~~~~~~~~~~~

ရှူရှိုက်​​နေတဲ့​လေတို့ တဖြည်းဖြည်း ​အ​ဝေးကို ထွက်​ခွာသွားတာ ခံစားမိတယ်​။
ထို​လေတို့ကို လက်​နဲ့ဖမ်းဆုတ်​မထားနိုင်​ခဲ့ရာ..ကိုယ်​ရဲ့ အ​ဝေးကို​ရောက်​သွားတယ်​။
လေညင်း​လေးရဲ့ ​နောက်​ကို တစ်​လှမ်းချင်းလှမ်းတဲ့ အခါ သာယာလှပတဲ့ ပန်းခြံကြီးတစ်​ခုက စိမ်းစိုလျက်​ရှိသည်​။
ငှက်​တို့ရဲ့ ​ပျော်​​မွေ့ရာ ဤပန်းခြံကြီးထဲ ထိုငှက်​က​လေးများ မြူးတူးစွာ သီချင်းတို့သီဆိုလျက်​ရှိသည်​။
နားဝင်​ချို​သော ငှက်​တို့၏သီချင်းဆိုသံများအကြား 'Tae´ဆိုတဲ့ Jung ​ရဲ့​ခေါ်သံ​လေးကြားရတယ်​။
အ​ရှေ့ဆယ်​လှမ်းအကွာ​လောက်​မှာ Jung ဟာ Tae ကို အလှပဆုံး ပြုံးပြလျက်​ရှိသည်​။
အပြစ်​ကင်းစင်​​သော မျက်​လုံး​လေးတို့နဲ့ သူမကို ပြုံးပြ​သောအခါ ပါးပြင်​ထက်​ မျက်​ရည်​တို့ စီးကျလာသည်​။
ပျော်​လွန်းတာ​ကြောင့်​ Jung ဆီ အ​ပြေး​လေးသွားကာ ရင်​ခွင်​ထဲ တိုးဝင်​ဖို့ ကြိုးစားမိသည်​။
အ​ရှေ့မှာ ရပ်​​နေတဲ့ Jung ဟာ လက်​​မောင်းနှစ်​ဖက်​တန်းကာ သူမအလာကို ​စောင့်​ဆိုင်း​နေသည့်​ဟန်​ဖြစ်​သည်​။
Jung ဆီ Tae လာ​နေပြီ...။
Jung ရင်​ခွင်​ထဲ တိုးဝင်​ကာ Jung အ​ငွေ့အသက်​တို့ နမ်းရှိုက်​ဖို့ Tae အဆင့်​သင့်​ဖြစ်​​နေပါပြီ...Jung။
Tae နဲ့ အနီးဆုံးမှာ ရှိ​နေတဲ့ Jung ဆီ Tae လာ​နေရက်​နဲ့ Tae နဲ့ Jung ရဲ့ကြားက
အကွာအ​ဝေးတို့ ပိုခြားသွားသည်​။
မျက်​စိ​ရှေ့မှာ Jung ကလွဲလို့် ဘာအတားအဆီးမှ မရှိပါပဲနဲ့..Jung က ​ဝေးကွာလို့သွားသည်​။
ဟင့်​အင်း..မထွက်​သွားပါနဲ့ဦး။
Jung ဆီ Tae အမြန်​ဆုံး ​ရောက်​​အောင်​ ​ပြေးလာ​နေတာမို့ Jung အဲ့အတိုင်း​လေးရပ်​ပြီး Tae အလာကို ​စောင့်​​နေ​ပေးပါ။
ဘယ်​ကိုမှ မသွားလိုက်​ပါနဲ့။
Tae ​တောင်းပန်​ပါတယ်​..။
Jung ဆီ Tae လာ​နေပြီ​လေ။
မထွက်​သွားလိုက်​ပါနဲ့..။
ဒီစိမ်းစိုစို မြက်​ခင်း​တွေမှာ ပန်းအဆိပ်​ဆူး​တွေ ရှိမှန်းသိပါလျက်​နဲ့ Tae ​ခြေ​ထောက်​ ​အနာခံပြီး ​သွေးထွက်​တာ​တောင်​ Jung ဆီ ကြိုးစားပြီး လှမ်းလာ​နေပြီ​လေ။
ဘာလို့များ...ရက်ရက်စက်စက် ​​​​Tae ကို ​ကျော​ပေးထွက်​ခွာသွားရက်​ရတာလဲ...Jung ရယ်​။
ခြေ​ထောက်​က ပန်းအဆူးတို့​ကြောင့်​ ​သွေး​တွေစီးကျ​နေလည်း ဒီနာကျင်​မှု​လောက်​​တော့ Tae ခံနိုင်​ရည်​ရှိပါ​သေးတယ်​...Jung။
Jung သာ ခုဏအတိုင်း​လေး အဲ့နားမှာ Tae ကို ရပ်​ပြီး ​စောင့်​​နေခဲ့ရင်​ Tae နဲ့ ​ဝေးရမှာမဟုတ်​ဘူး။
Jung သာ Tae ကို ​ကျော​ပေး ထွက်​မခွာသွားခဲ့ရင်​ Tae နှလုံးသား​လေးအခုချိန်
ငို​​ကြွေး​နေရမှာမဟုတ်​ဘူး။
သြော်​...Kim Tae Tae တို့က​လေ Jung ကိုပဲ တစ်​ချိန်​လုံး အပြစ်​မြင်​​နေတတ်​တာပဲ​နော်​။
အဲ့တာ​ကြောင့်​  Tae ကို Jung မချစ်​​တော့တာမလားဟင်​။
ဖြေပါ..Jung ရယ်​။
ကျေးဇူးပြုပြီး..​ကျေးဇူးပြုပြီး..​ဖြေ​ပေးပါ။
Jung အသံ​လေး Tae ကြားချင်​​နေလို့ပါ။
အရင်​လို Tae ကို ချစ်​တယ်​ဆိုတဲ့ စကားမဟုတ်​လည်း အဆင်​​ပြေပါတယ်​။
Tae ကို Jung စိတ်​ပျက်​သွားတဲ့ စကား​တွေ​ပြောလည်း Tae လက်​ခံ​ပေးနိုင်​ပါတယ်​။
Jung အသံ​လေး ကြားလိုက်​ရရင်​ Tae ​ကျေနပ်​ပြီမို့။

Fake Love [Completed]Where stories live. Discover now