Fake Love(Ep20💔)
~~~~~~~~~~
လွမ်းသည်။
သေမတတ်လွမ်းရသောအခါ နှလုံးသားလေး ငိုကြွေးသည်။
မှောင်မိုက်တဲ့ ဒီသံသရာထဲ ကျွန်မ နှလုံးသားလေး လမ်းပျောက်နေခဲ့တယ်။
Jung ရဲ့ အေးစက်တဲ့ အပြုအမူတို့က နှလုံးသားလေးကို ရေခဲရိုက်သလို အေးစက်စေသောအခါ နွေးထွေးတဲ့ နှလုံးသားလေး ပြန်ရနိုင်ဖို့ရာအတွက် ဤရေခဲရိုက် နှလုံးသားကိုကျွန်မကိုယ်တိုင် ဓားနဲ့ မွှန်းရပစေ။အက်စစ်နဲ့ ပက်ရပစေ။
အရင်လို Jung ကို ချစ်ခဲ့ဖူးတဲ့ နှလုံးသားတစ်စုံ ပြန်ရနိုင်ဖို့ရာအတွက် ကြိုးစားရဦးမည်မဟုတ်ပါလား။
ဦးနှောက်က Jung ကို ဆက်ချစ်ဖို့ တားမြစ်နေသော်လည်း ဒီနှလုံးသားက ဥပက္ခာပြုစွာ အနာကျင်ခံပြီး Jung ကို ဆက်ချစ်နေဦးမည်။~~~~~~
တိတ်ဆိတ်နေတဲ့
ဆေးရုံခန်းရဲ့ထောင့်လေးက ခုံတန်းလေးမှာ Jung ချစ်ဖို့ကောင်းစွာ လက်မောင်းနှစ်ဖက်ကို ချိတ်ကာ ထိုင်လျက်အိပ်ပျော်လို့နေသည်။
လက်မှာ သွယ်ချိတ်ထားတဲ့ ဆေးပိုက်တို့ကို မဖြုတ်မိပါဘဲ...မူးဝေနေတဲ့ ခေါင်းကို လက်နဲ့ဖိအုပ်ကာ ဥပက္ခာပြုရင်း..ဆေးရုံကုတင်ပေါ်မှ တုန်တုန်ချိချိ ဆင်းကာ
ဒီကြားထဲ သေမတတ်လွမ်းခဲ့ရပါသော ..Jung ဆီသို့ တစ်လှမ်းချင်းသွားမိသည်။
ကိုယ့်မျက်စိကိုယ် မယုံနိုင်တာမို့..အိပ်မက်လား..တကယ်လား သိချင်သည့်စိတ်ကြောင့် ထိုင်လျက်အိပ်ပျော်နေတဲ့ Jung အနားဆီသို့ တုန့်နှေးပြီး အားမရှိတဲ့ ခြေလှမ်းတို့က လေးလံစွာ လျှောက်သွားမိသည်။Jung အိပ်နေတဲ့ အရှေ့ရောက်သွားသောအခါ Jung ရဲ့ဘေးနားလေးမှာ ထိုင်လိုက်ရင်း..ပိန်ခြောက်ပြီး အရိုးသာသာသာ ကျန်ရှိတော့တဲ့ ဖြူဖျော့ဖျော့ လက်ချောင်းတို့နှင့် Jung ရဲ့ မျက်တောင်နက်နက်လေးတွေကို အသာတို့ထိမိသည်။
မျက်ရည်တို့ တစ်ပေါက်ချင်း စီးကျလာခဲ့သည်။
ပျော်လွန်းလို့ ဒီရင်ဘတ်ထဲက နှလုံးသားလေး ကခုန်နေလောက်ပြီ ထင်ပါရဲ့။
Tae ပျော်လွန်းလို့ ပြုံးနေပါရဲ့နဲ့..ဘာလို့ ငိုနေမိတာပါလိမ့်နော်။
Tae...ရှေ့မှာ Jung တကယ်ရှိနေတာလား။
Tae ကိုယ် Tae တောင်မယုံနိုင်ဘူး..Jung ရယ်။
အရမ်းလွမ်းနေခဲ့တာ...Jungရယ်။
ဒီအချိန်အခိုက်အတန့်လေးကိုလေ ရပ်တန့်
ထားချင်မိတယ်။
ထွက်မသွားခင် အချိန်လေးမတိုင်ခင် Tae နား ရောက်လာပေးလို့...ကျေးဇူးပါ..Jung။
မြတ်နိုးရပါသော ဒီအနှီလူသားရဲ့ ပါးပြင်ကို ရူးမိုက်စွာ နမ်းရှိုက်ဖို့ ကြိုးစားမိတယ်။
Tae အလိုဆန္ဒမပြည့်ဘူးထင်ပါတယ်နော်။
Jung ရဲ့ ပါးပြင်ကို နမ်းရှိုက်ပေးချင်ပေမယ့်
လက်တွေ့မှာ Jung က Tae နှုတ်ခမ်းတို့ကို သိမ်းပိုက်ထားသည်လေ။
ပျော်လွန်းလို့ ဒီနှလုံးသားလေးတောင် ငိုကြွေးနေလောက်ပါပြီလေ။
Jung က ကျွမ်းကျင်စွာ Tae ရဲ့ နှုတ်ခမ်းတွေကို ငုံကာ နမ်းရှိုက်နေသည်။
ထို့နောက်Tae ရဲ့ ပါးပြင်က မျက်ရည်တွေကို Jung နှုတ်ခမ်းနဲ့ သုတ်ပေးသည်။
အလိုက်သင့်လေး ဤမျက်လုံးအစုံကို မှိတ်ထားမိသောအခါ Jung က ကျွန်မရဲ့ မျက်ခွံလေးတွေကို တဖန်နမ်းရှိုက်ပြန်သည်။
မကုန်ဆုံးနိုင်တဲ့ မျက်ရည်တွေက Jung အခု Tae အရှေ့မှာ ရှိနေပြီဖြစ်တာတောင် ကျနေတုန်းပဲ။
ဒီအခိုက်အတန့်လေးကို သိမ်းထားလို့ ရရင်လေ ဖန်ဘူးလေးထဲမှာ သေချာ မြတ်နိုးစွာ သိမ်းထားချင်မိတယ်...Jung။
Tae က Jung နဲ့ ပတ်သတ်လာရင် မဖြစ်နိုင်တဲ့ အရာတွေပဲ တမ်းတနေမိတယ်...Jung ရယ်။
YOU ARE READING
Fake Love [Completed]
Fanfictionသူ့ဆိုးသွမ်းမှုအောက်မှာအကြိမ်ကြိမ်အခါခါကျရှုံးတဲ့ ကျွန်မကို သူက အရူးတစ်ယောက်လို့သတ်မှတ်ထားတယ် သူ့ဆိုးသွမ်းမှုအောက်မှာအကြိမ်ကြိမ်အခါခါကျရှုံးတဲ့ ကျွန်မကို သူက အရူးတစ်ယောက်လို့သတ်မှတ်ထားတယ်