FINAL

11.6K 697 194
                                    

Fake Love(Final💔)

~~~~~~~~~

နွေဦးရာသီဖြစ်​တာမို့ ​ဆေးရုံဝန်းထဲရှိ ပန်းခြံ​လေးအတွင်းမှ သစ်​ပင်​ပန်းပင်​တို့မှ ရွက်​၀ါ​လေးများ ​ကြွေကျကာ ​လေယူရာ လွင့်​​ကြွေလျက်​ရှိသည်​။
မွှေးပျံ့ တဲ့ ​လေညင်းရနံ့ သည်​ နှာ​ဖျား​လေးတွင်​ ရိုက်​ခတ်​သည်​။
ကောင်းကင်​ယံကြီးက ပြာလဲ့ကာ တိမ်​တိုက်​များ ကင်းစင်​လျက်​ရှိသည်​။

အရင်​ကဆို ကျွန်​မသည်​ ​နွေဦးထက်​ ​ဆောင်းဦးကို ပိုနှစ်​သက်​သူဖြစ်​သည်​။
သို့​သော်​..Jung ရဲ့ ထားသွားခြင်းခံခဲ့ရတဲ့ အတိတ်​ဆိုး​တွေနဲ့ ပြည့်​နှက်​​နေတဲ့ ​ဆောင်းဦးကို အရင်​လို မနှစ်​သက်​​​တော့​ပေ။
အခုဆို  Jung အနားငြိမ်​သက်​စွာ နာခို​နေရသည့်​ ကျွန်​မကမ္ဘာ​လေးကို ​နွေဦးက လှပစွာ ဖန်​တီးသည်​။

ဆေးရုံပန်းခြံ​လေးအတွင်းရှိ သစ်​သားခုံတန်း​လေး​ပေါ်မှာ Jung လက်​​တွေကို ဆုတ်​ကိုင်​ထားရင်း Jung ပုခုံးထက်​ ​မှေးစက်​​နေရတာ နှစ်​သက်​သည်​။
ပျော်​လွန်းတာမို့ မျက်​ရည်​ကျမိတဲ့အခါ Jung က ရိပ်​မိသည်​ထင်​။
ကျွန်​မ ပါးပြင်​​ပေါ်က မျက်​ရည်​စက်​​လေး​တွေကို ခပ်​ဖွဖွ သုတ်​​ပေးကာ ကျွန်​မရဲ့ နှဖူးေ​ပြ​​ပြေ​လေး​ပေါ်သို့ အနမ်းတစ်​ခုကို လှပစွာ ဖန်​တီးသည်​။

"Jung..."

"အင်​¿"

"ချစ်​တယ်​"

"အသက်​ထက်​ပိုချစ်​တယ်​"

သူ့ဆီမှ သူမ​ ​မျှော်​လင့်​ထားတဲ့စကားထက်​ ပိုတဲ့ ချစ်​စကားတို့ဆိုလာတဲ့အခါ ​ပျော်​လွန်းလို့ ​မျက်​ရည်​​တောင်​ကျမိပြန်​သည်​။
မကုန်​မခမ်းနိုင်​တဲ့ ငြီး​ငွေ့စရာ​ကောင်း​အောင်​ ကျလည်းကျနိုင်​လွန်းတဲ့ ဒီမျက်​ရည်​​တွေကို Jung က မညီးညူးစွာ သုတ်​​ပေးပြန်​သည်​။

"Tae ​ဘေးနားမှာ .Jung အရင်​တုန်းကလို ​အတူရှိ​နေတယ်​ဆိုတာ အိပ်​မက်​လိုပဲ"

ဝေ့တက်​လာတဲ့ မျက်​ရည်​တို့ကို ထိန်းကာ​ပြော​သောအခါ..

"အိပ်​မက်​ဟုတ်​မဟုတ်​..'ကို´ က​လေးကို သက်​​သေပြရမလား"

သူမက ဘယ်​လိုမျိုးလဲဆိုသည့်​ ပုံစံ​လေးဖြင့်​ သူ့ကို အူ​ကြောင်​​ကြောင်​​လေး ပြန်​ကြည့်​​သောအခါ သူမနှုတ်​ခမ်း​လေး​ပေါ်သို့ သူ့အနမ်းတို့ ကျ​ရောက်​​စေသည်​။
သူမရဲ့ ဖြူ​ဖျော့​ဖျော့ နှုတ်​ခမ်းတို့ကို နီရဲသွား​သည်​အထိ သူနမ်းလိုက်​ပြီး​သောအခါ

Fake Love [Completed]Where stories live. Discover now