Ep5

6.5K 502 19
                                    

Fake Love(Ep5)💔

ချ​လောက်​!

ဒေါ်​လေးအိမ်​​သို့​ပြောင်းရန်​ အ၀တ်​အစားထုတ်​အိတ်​များပြင်​ဆင်​ပြီးတာနဲ့ အိမ်​တံခါးကိုလုံခြုံ​အောင်​ ချက်​ချလိုက်​သည်​.
လမ်းထဲကို Taxi တစ်​စီးတစ်​​လေ​တောင်​ ၀င်​မလာတာ​ကြောင့်​ လမ်းထိပ်​ထွက်​ပြီး ကားငှါးရန်​ပြင်​လိုက်​သည်​.
လက်​က​လည်း ​အနည်းငယ်ေ​​လး​သော အ၀တ်အိတ်​​ကို မရမက ဆွဲကိုင်​ကာ ထွက်​လာခဲ့သည်​.
အကယ်​၍များ ခုဏကလို အန္တရာယ်​ကြုံလာခဲ့လျှင်​ ကယ်ေ​ပးမယ့်​သူအနားမှာမရှိ​နေလည်း ဆွဲလာတဲ့အထုပ်​​တွေနဲ့ ​ဆော်​ပ​လော်​တီးဖို့အသင့်​.
မိမိလက်​စာသာ မသမာသူမိသွားရင်​ မျက်​နှာ​ဖူး​ရောင်​ကာ ထွက်​​ပြေးသွားမည့်​မသမာသူရုပ်​ကို မြင်​​ယောင်​​တွေးကြည့်​ရင်း တခစ်​ခစ်​ရယ်​ကာ လမ်းထိပ်​သို့ လမ်း​လျှောက်​ထွက်​လာခဲ့သည်​.

မြင်​လိုက်​ရတဲ့မြင်​ကွင်းက သူမနှုတ်​ခမ်းပါးထက်​အပြုံး​လှလှ​လေးကို ​ရုတ်​ချည်း​ပျောက်​ကွယ်​သွား​စေသည်​..
မျက်​စိ​ရှေ့မှာ မြင်​​နေရတဲ့ အတွဲတစ်​တွဲက အိမ်​တစ်​အိမ်​​ရှေ့တွင်​ ​ကောင်​မ​လေးက ​ကောင်​​လေးရဲ့ ပုခုံးကို ယှက်​ကာအကြင်​နာ​ပေး​နေသည့်​ပုံရိပ်​..
ကောင်​​လေး?...
သူ.?...
သူ့ရဲ့ချစ်​သူနဲ့ အကြင်​နာ​ပေး​နေသည့်​ ပုံရိပ်​အချို့က ကိုယ့်​နှလုံးသားကို ​ခေတ္တနာကျင်​သွား​စေသလိုပင်​..
ပိုင်​ဆိုင်​သူရှိပြီးသား ​ယောက်ျား​လေးတစ်​​ယောက်​ကို ဆက်​ရင်​မခုန်​သင့်​​တော့..
ကိုယ့်​လမ်းကို ဆက်​​လျှောက်​သွားရုံသာရှိသည်​..
မသိချင်​​ယောင်​​ဆောင်​ပြီး ထို​ကောင်​​လေးနဲ့ချစ်​သူ​ကောင်​မ​လေးရဲ့ ​ဘေးက​နေ ဖြတ်​​လျှောက်​ သွား​လိုက်​သည်​..
မသိလိုက်​ချိန်​မှာ မျက်​ရည်​တစ်​​ပေါက်​ ​မြေပြင်​​ပေါ် ​မြေခသွားခဲ့သည်​...

တစ်​​နေ့လုံးမှာ သူ့ကိုပဲ​တွေ့​နေရတယ်​..
မနက်​တည်းက အခုထိ..
သူ့ကိုတစ်​ခါမြင်​ပြီးတာနဲ့သူ့မျက်​နှာကမျက်​လုံးထဲက မထွက်​​တော့

"Kim Tae Tae နင်​ဘာဖြစ်​​နေတာလဲ!ကိုယ့်​စိတ်​ကို ထိန်းစမ်းပါ!!"

Fake Love [Completed]Where stories live. Discover now