Ep19

5.6K 413 26
                                    

Fake Love(Ep19💔)

~~~~~~~

အချိန်​​တွေ​နေ့ရက်​တို့ ကုန်​ဆုံးလာတဲ့အခါ ​နွေဦးသစ်​သို့ တဖန်​​ရောက်​လာပြီဖြစ်​သည်​။
အရင်​နှစ်​က နိုင်​ငံခြားသို့ ထွက်​သွားတဲ့ အ​ဖေ့ကို ​ဖြေဆိုခဲ့ပြီး​သောစာ​မေးပွဲ​အ​ခြေအ​နေကို  ဖုန်းဆက်​​ပြောပြရန်​ပြင်​လိုက်​သည်​။
ဒီကြားထဲ အ​ဖေ့ဆီက အဆက်​အသွယ်​တစ်​စုံတစ်​ရာမရခဲ့သလို ကိုယ့်​ဘက်​ကလည်း အဆက်​အသွယ်​ သိပ်​မလုပ်​ဖြစ်​ခဲ့သည်​မို့ ​နွေဦးအလုပ်​ပိတ်​ရက်​ကို ​ရွေးကာ အ​ဖေ့ကို ဆက်​သွယ်​ဖို့ ကြိုးစားခဲ့သည်​။

ကံ​ကောင်းသည်​ထင်​...။
အရင်​တုန်းက ဖုန်းဆက်​လျှင်​ ၁၀ကြိမ်​အထိ ဆက်​လျှင်​​တောင်​ လုံးဝ ဖုန်းမကိုင်​ခဲ့​ပေ..။
ဒီတစ်​ခါ​တော့ ၃ခါ​မြောက်​တွင်​ ဖုန်းလက်​ခံ​ဖြေကြားသည်​​လေ။
အလုပ်​ပိတ်​ရက်​ကို ​ရွေးဆက်​သည်​မို့ ဖြစ်​မည်​။

"ဟဲလို...Appa!!သမီး Tae ပါ"

"​သြော်​...​အေး​အေး....ဘာကိစ္စလဲ¿"

အ​ဖေ့ရဲ့ ​လေသံသည်​ အရင်​ကနှင့်​မတူ ခပ်​စိမ်းစိမ်း​လေသံဖြစ်​​နေသည်​။
သမီးတစ်​​ယောက်​က နိုင်​ငံရပ်​ခြားက ​အ​ဖေ့ကို ဖုန်းဆက်​တာ​တောင်​ ကိစ္စရှိမှ ဆက်​ရမယ်​လား..။

"ရှင်​...မဟုတ်​ပါဘူး...ဒီအတိုင်း..Appa ကို Tae သတိရလို့ ဆက်​လိုက်​တာ..Appa ​ရော Tae ကို သတိမရဘူးလားဟင်​¿"

တစ်​ဖက်​မှ ဘာတုန့်​ပြန်​သံမှ မကြားရ​ပေ။
ခဏအကြာမှ...ဖုန်းထဲမှ ၀ူးဝူးဝါးဝါးအသံတို့ ကြားရာက​နေ မိန်းမ တစ်​​​ယောက်​ရဲ့အသံကို ကြားရသည်​။

"ဒီမှာ...မိန်းက​လေး...ငါက မင်း​အ​ဖေရဲ့ ချစ်​သူ ..Sone Hwa ပါ..အခု မင်းအ​ဖေ မအား​သေးဘူး..​မနက်ဖြန်..​​မင်္ဂလာပွဲအတွက် ပြင်​ဆင်​စရာ ပြင်​ဆင်​​နေရတယ်​​လေ...​​လာမရှုပ်​ပါနဲ့.."

တစ်​ဖက်​မှ ပြန်​​ပြော​လာ​သောမိန်းမက ကိုယ်​ ငယ်​ငယ်​တုန်းက Appa ရဲ့ ရုံးကအတွင်း​ရေးမှူးပဲ။
အန်​တီက အခုဘယ်​လိုလုပ်​..အ​ဖေ့ချစ်​သူဖြစ်​​နေရတာလဲ။
ငယ်​ငယ်​​လေးတည်းက အန်​တီ Sone Hwa သည်​ အိမ်​သို့ ခဏခဏလာလည်​တတ်​သူဖြစ်​ပြီး အ​ဖေနဲ့ အလုပ်​အ​ကြောင်း ​ဆွေး​နွေး​လေ့ရှိသူဖြစ်​သည်​။
ဖေ​ဖေသည်​ အသက်​ ၁၉နှစ်​အရွယ်​သမီးတစ်​​ယောက်​ရဲ့ အ​ဖေဖြစ်​​သော်​လည်း အခုမှ အသက်​၄၀အရွယ်​ ရုပ်​ရည်​နှင့်​ ​ချော​မောသန့်​ပြန့်​သူဖြစ်​ပြီး အလုပ်​တွင်​ ကြိုးစားသူဖြစ်​တာ​ကြောင့်​ ရုံးက ၀န်​ထမ်းမိန်းက​လေးများ ၀ိုင်းဝိုင်းလည်​​နေသူဖြစ်​​ကြောင်းကို Tae ကိုယ်​တိုင်​လည်း အသိဖြစ်​သည်​။
မေ​မေဆုံးပြီးတဲ့​နောက်​မှ အန်​တီ Sone Hwa သည်​ အိမ်​သို့ အရင်​ကထက်​ အ၀င်​အထွက်​ပိုလုပ်​လာသည်​ကို ရိပ်​မိခဲ့​သော်လည်း​​အ​ဖေသည်​ အလုပ်​ကိစ္စက  လွဲရင်​ တခြား​တော့ ပတ်​သတ်​စရာအ​ကြောင်းမရှိ​လောက်​ပါဘူးလို့ ယုံကြည်​ထားခဲ့မိတာ။
အခု...အခု​တော့..။ကိုယ်​ကိုယ်​တိုင်​​တောင်
သိလိုက်​ခင်​မှာ အ​ဖေက ကိုယ့်​ကို ထားခဲ့ပြီး အန်​တီ Sone Hwa နဲ့ ချစ်​သူဖြစ်​လို့ လက်​​တောင်​ထပ်​​တော့မယ်​တဲ့​လေ။
အ​ဖေက ကိုယ့်​ကို အဲ့လို အ​ကြောင်းအရာအထိ သတိမ​ပေးရ​လောက်​​အောင်​ သမီးက အ​ဖေ့သမီးအရင်းမှ ဟုတ်​ရဲ့လား။
စိတ်​ထဲမှ ၀မ်းနည်းစိတ်​​တို့​ကြောင့်​ မျက်​ရည်​တို့ကျမိချိန်​... အ​ဖေရဲ့ အသံမတိုးမကျယ်​ကို ဖုန်းထဲက​နေ ကြားလိုက်​ရသည်​။

Fake Love [Completed]Where stories live. Discover now