Ep9

5.5K 421 16
                                    

Fake Love(Ep9)💔

ဘုန်း!ဘုန်း!ဘုန်း!

ကျောက်​သင်​ပုန်းနံရံကို လက်​ဖျံတစ်​ခုနဲ့ ရိုက်​လိုက်​တဲ့ အသံကျယ်​တစ်​ခု​ကြောင့်​ စားပွဲ​ပေါ်​မှောက်​ကာ ​မှေး​နေတဲ့ Jungkook တစ်​​ယောက်​ ​ခေါင်း​ထောင်​ကာ ထိုအသံရဲ့လက်​ပိုင်​ရှင်​ကို​မော့ကြည့်​မိသည်​...
ဘယ်​​တော့ကြည့်​ကြည့်​လှ​ပြီးချစ်​စရာ​ကောင်း​နေတဲ့ Kim Tae Tae..
ကျောက်​သင်​ပုန်း​ရှေ့မှာ ​ကျောင်းစာအုပ်​ဖိုင်​​လေးတစ်​ချို့ ဆုပ်​ကိုင်​ထားကာ တစ်​တန်းလုံးရဲ့အကြည့်​က အတန်းေ​ခာင်းေ​ဆာင်ဖြစ်တဲ့​​သူမဆီ​ရောက်​​နေသည်

"အားလုံး Tae ​ပြောစရာရှိလို့.ခဏ​လောက်​ငြိမ်​​ပေးကြပါ"

သူမအသံကြားသည်​နှင့်​ သူအပါအ၀င်​​ကျောင်းသားအားလုံးလုပ်​စရာရှိသည့်​အလုပ်​ကိုရပ်​ပြီး ငြိမ်​ကျသွားကြသည်​.

"ဒီ​နေ့ ဆရာမ အတန်းကိုလာမသင်​နိုင်​ဘူးတဲ့"

"​Yayyyy!!!!!"

ဆရာမ မလာဘူးဆိုတဲ့အသံက အားလုံးအတွက်​ သာယာသံတစ်​ခု

*ဘုန်း*

တဖန်​ ​သင်​ပုန်းကိုလက်​ဖျံနဲ့ထပ်​ရိုက်​လိုက်​တာ​ကြောင့်​ အတန်းတစ်​ခုလုံး ဆူညံ​နေရာက ပြန်​ငြိမ်​ကျသွားသည်​..
သူမရဲ့ ချစ်​စရာ​ကောင်းတဲ့ သြဇာက တစ်​တန်းလုံးကို အုပ်​စိုးနိုင်​သည်​လား..

"ပြီး​တော့..မနက်​ဖြန်​ ​ကျောင်း​လေ့လာ​ရေးခရီးထွက်​ရမယ်​တဲ့.​နောက်​လာမယ့်​ ​ကျောင်းပြိုင်​ပွဲအတွက်​ ဒီတစ်​​ခေါက်​ ဇီဝ​ဗေဒ ပညာရပ်​နဲ့ပတ်​သတ်​တာကို ​​ သွား​လေ့လာရမယ်​.လိုက်မယ့်​သူ​တွေ မုန့်​စားဆင်းချိန်​ကျ စာရင်းလာ​ပေးကြပါ"

"Nae!!!"

"ဒါဆို Tae မုန့်​စားဆင်းချိန်​ကျ ဘယ်​မှ မသွားဘဲ အတန်းထဲမှာ ရှိ​နေမယ်​"

"Nae!!!"

အတန်းသားအားလုံးကို မျက်​လုံးနဲ့ လိုက်​​ဝေ့ကြည့်​ကာ ဆရာမ မှာလိုက်​တဲ့စကား​တွေ​ပြောပြီးတာနဲ့ အကြည့်​က အတန်းရဲ့ ​ထောင့်​အကျဆုံး​နေရာက လက်​ပိုက်​ကာ သူမကိုစိုက်​ကြည့်​ကာ ပြုံးပြ​နေတဲ့သူ့ဆီ...

Fake Love [Completed]Where stories live. Discover now