Ep18

5.3K 400 33
                                    

Fake Love(Ep18💔)

~~~~~~

မကုန်​မခမ်းနိုင်​တဲ့ မျက်​ရည်​​တွေ ငြီး​ငွေ့လာပြီ။
အိပ်​​ရေးပျက်​တဲ့ ညတို့ ကြီးစိုးလာခဲ့ပြီ။
တစ်​ပိုင်းတစ်​စ​သော အိပ်​မက်​ဆိုးတို့မှာ သူပါဝင်​လာခဲ့သည်​။

~~~~~~~~~~
"Tae"

"ဟင်​"

"ငာတို့လမ်းခွဲရ​အောင်​"

~~~~~~~~~~~~

Tae တစ်​​ယောက်​ ​​ချွေးစီး​တွေ ပြန်​ကာ အိပ်​ရာ​ပေါ်မှ အလူးအလွန့်​ထလာသည်​..
မေ့ပစ်​ချင်​စရာ ​ကောင်းသည့်​ အိပ်​မက်​ဆိုးကြီးက စိတ်​ပျက်​စရာ​ကောင်း​လောက်​​အောင်​ သိပ်​​ကြောက်​ဖို့​ကောင်းသည်​​လေ။

Jung ဆီက လမ်းခွဲစကားကြားရမှာ Tae အ​ကြောက်​ဆုံးပဲ...Jung။

~~~~~~~~~~~~

နှဖူး​ပေါ်မှ စိုရွှဲ​နေ​သော ​ချွေးစ​တွေကို လက်​တို့နဲ့ တုန်​တုန်​ယင်​ယင်​ သုတ်​ချရင်း ​မောဟိုက်​​နေ​သော ရင်​အစုံကို လက်​နဲ့ ဖိသပ်​ချကာ မျက်​လုံးတို့ စုံမှိတ်​ထားသည်​။
အားမရှိ​သော လက်​တို့က အိပ်​ယာခင်းကို ခပ်​ကျစ်​ကျစ်​ဆုတ်​ကာ ယိုင်​​လဲမတတ်​ဖြစ်​​နေ​သော ​ခန္ဓာကိုယ်​အ​ပေါ်ပိုင်း​ကို ထိန်းရန်​ ​ထောက်​ထားရသည်​။

အခန်းထဲသို့ ဆန်​ပြုတ်​ပန်းကန်​ကိုကိုင်​ကာ ၀င်​လာတဲ့ Jinnie က သူမ​ထိုင်​​နေတဲ့ အိပ်​ယာ​ဘေးကို လာဝင်​ထိုင်​သည်​။
ဘေးတွင်​ ချိတ်​ထား​သော ​ဆေးဘူးကို တစ်​ချက်​ကြည့်​ပြီး သွင်းရန်​ ကျန်​​သေး​သော ​ဆေးရည်​ပမာဏကို ကြည့်​​နေသည်​။
ဆေးသွင်းအပ်​တို့ ချိတ်​ထားတဲ့ သူမရဲ့ ဘယ်​လက်​ကို Jinne က ခပ်​ဖွဖွ​လေးဆုတ်​ကိုင်​ကာ သူမ နှဖူးက အပူရှိန်​ကို စမ်းကြည့်​သည်​။

"အင်း...အပူရှိန်​က ​ကျန်​​နေ​သေး​တယ်​.ဆန်​ပြုတ်​​သောက်​လိုက်​​နော်​...Tae..စာ​မေးပွဲကလည်း ​ဖြေဖို့ အရမ်းနီး​နေပြီဟ..​နေ​ကောင်း​အောင်​လို့ ပြီးရင်​ ​ဆေး​သောက်​လိုက်​​နော်​"

Jinnie ​ပြော​သောအခါ Tae က အားမရှိ​သော အကြည့်​တို့ဖြင့်​ ပြန်​ကြည့်​ကာဖြူဖတ်ေ​န​သော ခပ်​​ဖျော့​ဖျော့ နှုတ်​ခမ်းတို့မှ အားမရှိစွာ ပြန်​ပြုံးပြသည်​။

Fake Love [Completed]Where stories live. Discover now