Fake Love(Ep14)💔
~~~~~~~~~~~~
မိုးဖွားလေးတွေက တဖြောက်ဖြောက်ကျကာ ဖြန့်ထားတဲ့ လက်ဖ၀ါးပေါ် တတောက်တောက် ကျလျက်ရှိသည်..။
ရောက်ရှိနေသည့်နေရာကား
သူရပ်စောင့်ခိုင်းထားသည့် ကျောင်းပောက်ဝတွင်ဖြစ်သည်။ထီးဝါလေးကို လက်ကိုင်လေးကနေ တလှည့်လှည့် လှုပ်ကာ ချိန်းထားတဲ့ အချိန်ထက်နောက်ကျနေသည့် Jungkook အလာကို ရပ်စောင့်နေသည်။
၁၅မိနစ်....
မိနစ် ၃၀...
၁ နာရီ....သို့နှင့် ၂ နာရီ...
စိတ်မရှည်တော့တာမို့ Jungkook ဆီ သူမ ဖုန်းဆက်လိုက်သည်။
"လူကြီးမင်း ခေါ်ဆိုသော...."
တစ်ခါဆက်လည်း လူကြီးမင်း...
နှစ်ခါဆက်လည်း လူကြီးမင်း..
ဘယ်နှစ်ကြိမ်ဆက်ဆက် လူကြီးမင်းနဲ့သာတိုးနေသည့် ဒီဖုန်းကို ကောက်ပေါက်ချင်စိတ်ကို မနည်းထိန်းထားရသည်။
အဲ့တာတော့ မဖြစ်သေး။
သူ ဘေးအိမ်ကနေ မိဘအိမ်ကို ပြန်သွားတည်းက ဆက်သွယ်လို့ရတာဆိုလို့ ဒီဖုန်းလေးတစ်ခုပဲ ရှိတာလေ။
သူ့မိဘတွေက ကျွန်မနဲ့ အကြောင်းတွေကို သိသွားတာကြောင့် သူ့ကို ကျွန်မနဲ့ ကျောင်းမှာ အခန်းခွဲထားလိုက်သည်။
အတန်းပိုင်ဆရာမကလည်း သူ့အဒေါ်ဖြစ်နေတာကြောင့် ကျောင်းမှာလည်း အနေအထိုင်ဆင်ခြင်ရသေးသည်။
အရင်လို သူနဲ့တွေ့ဖို့်က မလွယ်တော့ပေ။
ကျောင်းမုန့်စားဆင်းချိန်တိုင်း အရင်လို မုန့်စားဆောင်သွားရတာထက် သူနဲ့ စာသင်ခန်းပျက်တစ်ခုထဲမှာ ခိုးပြီးချိန်းတွေ့ဖြစ်တာများသည်။နေ့လည်ကသူကကျွန်မကိုသူနဲ့အတူအတန်းလစ်ဖို့ ပြောသည်။
သို့သော် နောက်ဆုံး စာမေးပွဲကြီးက နီးသထက် နီးလာတာကြောင့် အတန်းလစ်လို့ကမဖြစ်ပြန်။
သူအတန်းလစ်လို့ ကိုယ်ကပါလစ်ရင် သူရောကိုယ်ရော စာတွေလွတ်ပြီး နှစ်ယောက်လုံး ဒုက္ခရောက်မယ့်ကိန်း။
ဒီလောက် တပူပူတဆာဆာနဲ့ သူကအတန်းလစ်ဖို့ပြောနေတာတောင် မလစ်ဘူးလို့ ငြင်းခဲ့မိသည်။ကျွန်မ
ငြင်းလိုက်တဲ့ အချိန်တုန်းကတော့ ရုပ်က ဆူဆူပုတ်ပုတ်နှင့်။
စိတ်ဆိုးသွားတာလားဆိုတော့လည်း မဆိုးပါဘူးတဲ့။
မဆိုးဘူးသာပြောတယ်။
သူအတန်းလစ်ပြီး ထွက်သွားတည်းက ဖုန်းဆက်လိုက်တိုင်း မကိုင်တာကြောင့် ဘယ်မှာရှိနေလဲလို့ Message ပို့လိုက်တော့မှ
ဂိမ်းဆိုင်ရောက်နေတယ်တဲ့လေ။
ကျောင်းဆင်းရင် သူ့ဆီ သွားမယ်လို့ ပြောတော့ ကျောင်းဂိတ်ဝမှာပဲစောင့်နေ.လာခဲ့မယ်လို့ ပြောထားပြီး အခုချိန်ထိ ရောက်မလာ။
သူအခုတလော ဘာဖြစ်နေမှန်းကို မသိတာ။
မိဘအိမ်ရောက်သွားပြီး အခန်းခွဲလိုက်လို့ အနေဝေးပြီး သွေးအေးသွားတာများလား။
ဒါမှမဟုတ် နေ့လည်တည်းက ကိစ္စကို စိတ်မဆိုးဘူးသာပြောတယ်။
စိတ်များဆိုးသွားတာလား။
မဟုတ်ရင် ငါဘာအမှားလုပ်မိလို့လဲ။
ကျစ်...စိတ်ညစ်လာပြီ။
အခုကျတော့ message ပို့တာတောင် စာပြန်မလာတော့ပေ။
သူတကယ်ပဲ ဘာဖြစ်နေတာလဲ။
ငါ့ကို မချစ်တော့ဘူးလား။
တွေးရင်းက မိုးရေတွေစိုစွတ်နေတဲ့ မြေပြင်ပေါ်သို့ မျက်ရည်ကတောက်ခနဲ။
မိုးတွေကလည်း ခုဏကထက်ပင် ပိုလို့ သည်းလာသေးသည်။
![](https://img.wattpad.com/cover/156373542-288-k473036.jpg)
YOU ARE READING
Fake Love [Completed]
Fanfictionသူ့ဆိုးသွမ်းမှုအောက်မှာအကြိမ်ကြိမ်အခါခါကျရှုံးတဲ့ ကျွန်မကို သူက အရူးတစ်ယောက်လို့သတ်မှတ်ထားတယ် သူ့ဆိုးသွမ်းမှုအောက်မှာအကြိမ်ကြိမ်အခါခါကျရှုံးတဲ့ ကျွန်မကို သူက အရူးတစ်ယောက်လို့သတ်မှတ်ထားတယ်