Ep16

5.1K 398 49
                                    

Fake Love(Ep16)💔

~~~~~~~

တစ်​ချိန်​တုန်းက Tae ရဲ့ ပထမဆုံးအနမ်းကို Jung သိမ်းပိုက်​သွားခဲ့တဲ့​နေ့တုန်းက​လေ..။
Jung မှတ်​မိ​သေးလားဟင်​။
Tae အဲ့တုန်းက သိပ်​ကို ​ပျော်​ခဲ့ရတာ။
Tae ရဲ့ ပထမဆုံးအနမ်းကို Tae အရမ်းချစ်​ရတဲ့ Jung ဆီက ရရှိခဲ့တာမို့ အဲ့​နေ့ညက Tae အိပ်​လို့​တောင်​ မ​ပျော်​ခဲ့ဘူး။
ရင်​​တွေအခုန်​လွန်​ပြီး ​ပျော်​လွန်းလို့ ဒီကုတင်​​လေး​ပေါ် အလူးအလဲ ဖြစ်​ခဲ့ဖူးတယ်​။
ခုန်​​ပေါက်​ကာ ​ပျော်​မြူး​နေခဲ့တဲ့ အဲ့အချိန်​က Tae က လိုချင်​တဲ့မုန့်​ကို ရသွားတဲ့ က​လေးတစ်ေ​ယာက်​လို ​ပျော်​မြူး​နေခဲ့တယ်​။
Tae ​ပြောရင်​ Jung ယုံမလား​တော့မသိဘူး။
အဲ့​နေ့ညက Tae ​ပျော်​လွန်းလို့​တောင်​ မျက်​ရည်​ကျခဲ့ဖူးတယ်​။
အဲ့အချိန်​​တွေကို ​နောက်​ပြန်​​တွေးကြည့်​ရင်​ သိပ်​ကို ​ပျော်​စရာ​ကောင်းခဲ့တာ။
ပြန်​​တွေးကြည့်​တိုင်း ​ပျော်​​စရာသိပ်​​ကောင်းလွန်းလို့ Tae အခု​တောင်​ မျက်​ရည်​​တွေ ကျ​နေပြီ။
အမှတ်​တရအချို့ကို Jung ​လက်ေ​ဆာင်ေ​ပးထားဖူးတဲ့ ဒီဒိုင်​ယာရီစာအုပ်​​လေးထဲမှာ Tae ချ​ရေး​နေတယ်​..Jung,။
ချစ်​သူများ​နေ့ကျရင်​ Jung အတွက်​ ချစ်​စကား​လေး​တွေ Tae ​ရေး​ပေးဖို့ Jung ..Tae ကို ဒီစာအုပ်​​လေး​ပေးထား​ပေမယ့်​ ​ချစ်​စကားလှလှ​လေး​တွေအစား အတိတ်​ကအ​ကြောင်း​တွေ ပြန်​​ရေးချ​နေမိလို့ Tae ​တောင်းပန်​ပါတယ်​...Jung။
လှပပြီး ချစ်​စရာ​ကောင်းတဲ့ Jung ​ပေးတဲ့ ဒီစာအုပ်​​လေးကို Tae ရဲ့မျက်​ရည်​​တွေနဲ့စိုစွတ်​ပျက်​စီး​စေလို့...Tae ​တောင်းပန်​ပါတယ်​...Jung။
Jung...ကို Tae သိပ်​ချစ်​တယ်​​နော်​။
သွေးစက်​အချို့...ကျဆင်းလာတယ်​။
မဖြစ်​ဘူး​လေ...Jung ကို Tae သိပ်​ချစ်​ပါတယ်​ဆိုတဲ့ စာသား​လေးကို Tae ရဲ့ ​သွေး​တွေနဲ့ ဖုံးလိုက်​လို့ ဘယ်​ဖြစ်​ပါ့မလဲ။
အမြန်​သုတ်​မှပါ။
အရိုးသာသာပိန်​​ခြောက်​​နေတဲ့ ဒီလက်​​ချောင်းတို့နဲ့ စာရွက်​​ပေါ်က ​သွေး​တွေကို ဖယ်​ရှားမယ်​။
Tae ​သွေး​တွေကို ကြိုးစားဖယ်​​နေရဲ့သားနဲ့ ဘာလို့ ပို​ဆိုးကုန်​တာလဲဟင်​။
သွေးစက်​တို့ ပိုများလာတယ်​။
Jung ကို Tae သိပ်​ချစ်​တယ်​ဆိုတဲ့စာသား​လေးက အခု​တော့ ​သွေး​တွေ​ပေကုန်​ပြီ။
Jung ဖတ်​လို့မရ​တော့ရင်​ ဘယ်​လိုလုပ်​မလဲ ။
ဒီနှာ​ခေါင်းကလည်း ​သွေး​တွေကျလည်းကျနိုင်​လွန်းပါတယ်​..Jung ရယ်​။
Tae ကိုက မှားတာပါ။
Tae ​ကြောင့်​ Jung ကို ချစ်​တယ်​ဆိုတဲ့စာသား​လေး Jung ဖတ်​လို့မရ​အောင်​ လုပ်​မိပြီ။
Tae ကအရာရာမှာ Jung ကိုစိတ်​အ​နှောင့်​အယှက်​ဖြစ်​​စေတယ်​​နော်​။
အဲ့တာ​ကြောင့်​ Tae ကို Jung မချစ်​​တော့တာမလားဟင်​။
အားလုံး...အရာအားလုံး...Tae ​ကြောင့်​ဖြစ်​ရတာ။
Tae သာ Jung ကို အရာရာမှာ လိုက်​မချုပ်​ချယ်​ခဲ့ရင်​ Jung စိတ်​ညစ်​ရမှာမဟုတ်​ဘူး။
Tae ကို Jung မချစ်​ဘူးဆိုတဲ့စွပ်​ဆွဲချက်​​တွေနဲ့ Jung ကို ​ဆေးရုံတက်​တဲ့အထိဖြစ်​​အောင်​ Tae လုပ်​ခဲ့မိတဲ့အတွက်​ Tae ​တောင်းပန်​ပါတယ်​။
အားလုံးက Tae မ​ကောင်းလို့ဖြစ်​ရတာ။
Tae သာ Jung ကို ​ပျော်​ရွှင်​​အောင်​ ထား​ပေးခဲ့ရင်​ Jung တခြားမိန်းက​လေးဆီ​ရောက်​သွားခဲ့မှာ မဟုတ်​ဘူး။
Jung ကို Tae ကသာအပိုင်​ဆိုတဲ့ အတ္တတစ်​ခုနဲ့ Jung ကို Tae နဲ့ အ​ဝေးကို ​ရောက်​​စေခဲ့တယ်​။
အ​နေ​ဝေးလို့ ​သွေး​အေးသွားတာပါဆိုတဲ့ ဆင်​​ခြေတစ်​ခုတည်းနဲ့ Tae ကို Tae အား​ပေးခဲ့တယ်​။
Jung ကို ​သေမတတ်​လွမ်းရတဲ့ ​နေ့ရက်​တို့များလာတဲ့အခါ Tae စိတ်​ရှိတိုင်း ငိုချဖို့ ရင်​ခွင်​တစ်​စုံ လိုအပ်​လာတယ်​။
Jung ရဲ့ ရင်​ခွင်​ကျယ်​ကြီးထဲ တိုးဝင်​ကာ Jung ကို ဖမ်းဆုတ်​ထားချင်​မိတယ်​။
Tae ရဲ့ မျက်​ရည်​တို့ ထိန်းချုပ်​နိုင်​စွမ်းမရှိ​တော့တဲ့အခါ တခြားတစ်​​ယောက်​ရဲ့ ရင်​ခွင်​ထဲမှာ Tae ငိုမိတယ်​..။
Jung မကြိုက်ဘူး​ဆိုတာ..Tae သိသိရက်​နဲ့
ရူးမိုက်​ခဲ့တယ်​။
Jung ​​ပေးတဲ့ ပြစ်​ဒဏ်​တို့က Tae ခန္ဓာကိုယ်​​ကို နာကျင်​​စေတဲ့ ဒဏ်​ရာတို့ ဖြစ်​​နေတဲ့အခါ Tae စိတ်​တို့ မချုပ်​တည်းနိုင်​ခဲ့ဘူး..Jung။
အဲ့တုန်းကသာ Jung ​ပေးတဲ့ ပြစ်​ဒဏ်​ကို Tae လိမ်​လိမ်​မာမာ လက်​ခံခဲ့ရင်​ အခုလို Jung နဲ့ ​ဝေးရမှာ မဟုတ်​ဘူး​လေ။
တစ်​ချိန်​တုန်းက Tae ဘ၀ထဲ မဖိတ်​​ခေါ်ဘဲ​ရောက်​လာတဲ့ Jung ကို ချစ်​တယ်​။
အရင်​ရည်းစား​ဟောင်းရဲ့ အရှက်​ရစရာ​ကောင်းတဲ့ စကားလုံးထိုးနှက်​ချက်​​တွေထဲက Tae ကို ကာကွယ်​​ပေးခဲ့တဲ့ Jung ကို ချစ်​တယ်​။
Tae အသက်​အန္တရယ်​ကြုံလာတဲ့အချိန်​တိုင်း Tae ​ဘေးနားအမြဲရှိ​နေ​ပေးခဲ့တဲ့ Jung ကို ချစ်​တယ်​။
Tae ရဲ့ ပထမဆုံးအနမ်းကို သိမ်းပိုက်​သွားတဲ့ Jung ကို ချစ်​တယ်​။
ချစ်​တယ်​ တဖွဖွ​ပြောပြီး Tae ကို အယုံသွင်းခဲ့တဲ့ Jung ကို ချစ်​တယ်​။
Tae...Jung ကို ချစ်​တယ်​လို့ အ​ဖြေ​ပေးတဲ့​နေ့က Tae ကို ချိုမြိန်​တဲ့ အနမ်းတို့လက်​​ဆောင်​​ပေးခဲ့တဲ့ Jung ကို ချစ်​တယ်​။
Tae ​ပျောက်​​နေမှန်းသိလို့ စိတ်​ပူပြီး ​တောနက်​ထဲအထိ Tae ကို လာရှာတဲ့ Jung ကို ချစ်​တယ်​။
Tae ကို ​နွေး​ထွေး​အောင်​ အမြဲရင်​ခွင်​ထဲ သိမ်းထား​ပေးခဲ့ဖူးတဲ့...Jung ကို ချစ်​တယ်​။
အနားမှာ​နေပြီး Tae အချစ်​တို့ရဖို့ အသည်းအသန်​ ကြိုးစားခဲ့ဖူးတဲ့ Jung ကို ချစ်​တယ်​။
Tae အချစ်​တို့ Jung ရသွားတဲ့အခါ အလှပဆုံးပြုံး​နေခဲ့ဖူးတဲ့ Jung ကိုချစ်​တယ်။
အခုချိန်​ Jung အပြုံးတို့ Tae မပိုင်​ဆိုင်​ရ​တော့ရင်​​တောင်​ Tae ချစ်​​နေတုန်းပဲ..Jung။
Jung ​ပေးတဲ့ အနမ်းတို့ Tae တစ်​​ယောက်​တည်းပိုင်​ဆိုင်​ရပြီ ထင်​ခဲ့ဖူးတယ်​။
Jung ရဲ့ ​နောက်​ဆုံးအချစ်​က Tae တစ်​​ယောက်​တည်းဖြစ်​ရမယ်​လို့ Tae အတ္တဆန်​ဆန်​​တွေးခဲ့ဖူးတယ်​..Jung။
ရေချိုးတိုင်း စပ်​ပြီးနာကျင်​တဲ့ခံစားမှုကို ဒီခန္ဓာကိုယ်​​ပေါ်က Jung ​ပေးတဲ့ ဒဏ်​ရာ​တွေကတစ်​ဆင့်​ Jung ကို လွမ်းတယ်​။
Jung ကိုက်​ထားလို့ ​သွေးထွက်​တဲ့အထိ နာကျင်​ရတဲ့ ဒီနှုတ်​ခမ်းတို့က အခုထိ ​သွေးမတိတ်​​သေးဘူး...Jung။
Jung ကို လွမ်းတဲ့အချိန်​တိုင်း မျက်​ရည်​ကျတဲ့အခါ Tae အံ​တွေကြိတ်​ထားတယ်​။
Jung ကိုက်​ထားတဲ့ ဒဏ်​ရာနဲ့ Tae အံကြိတ်​တဲ့ ဒဏ်​ရာတို့ ထပ်​တူကျတဲ့အခါ ဘာနဲ့မှမတူတဲ့ နာကျင်​မှုကို ခံစားရတယ်​..Jung။
Jung နဲ့ ​ဝေးရပြီးတဲ့​နောက်​ပိုင်း Tae နဲ့မ​တော်​တဲ့ ဖိနပ်​​ Size အ​သေး​တွေကို Tae ယူစီးတယ်​...Jung။
ဖိနပ်​​ပေါက်​လို့ ​ခြေ​ထောက်​နာတဲ့အခါ ​သွေးတို့စီးကျလာမယ်​။
တဆစ်​ဆစ်​နာကျင်​လာတဲ့အခါ အဲ့ဒဏ်​ရာဆီကို Tae စိတ်​တို့​ရောက်​​နေမယ်​။
တစ်​ချိန်​လုံး..Jung ဆီ​ရောက်​​နေတဲ့ Tae ရဲ့စိတ်​​တွေက ခဏတာ​တော့ ဒီ​ခြေ​ထောက်​က ဒဏ်​ရာဆီ​ရောက်​သွားလိမ့်​မယ်​။
ခဏ​လေးပဲဖြစ်​ဖြစ်​ Jung အ​ကြောင်း Tae မ​တွေးမိ​တော့ဘူး​လေ။
အဲ့အခါ..Jung ကို လွမ်းတဲ့စိတ်​တို့ ဖုန်​မှုန့်​​လောက်​​လေး ​လျော့ကျသွားနိုင်​တယ်​​လေ။
Jung ကို ​သေမတတ်​လွမ်းတဲ့ ခံစားချက်​ကြီး Tae နှလုံးသား​လေးကို တစဆီ ​ကြေမွ​စေတယ်​။
ဘယ်​ဒဏ်​ရာ ဘယ်​နာကျင်​မှုကမှ​ Jung ​ကြောင့်​ ခံစားရတဲ့ Tae နှလုံးသား​လေးရဲ့ ဒဏ်​ရာ​တွေရဲ့ နာကျင်​မှု​တွေကို​တော့ မဖုံးဖိ​ပေးနိုင်​ဘူး...Jung။
အခုထိ Tae ရဲ့ အရာရာတိုင်းမှာ Jung လွှမ်းမိုးထားနိုင်​တုန်းပဲ။
Jung ကို လွမ်းရတာ
Tae ပင်​ပန်းလာပြီ....Jung ရယ်​။

Fake Love [Completed]Where stories live. Discover now