Ep15

5.1K 426 38
                                    

Fake Love(Ep15)💔

~~~~~~~~~~~~~

အချစ်​ဆိုတာ စစ်​မှန်​လျှင်​ ​ရောင်​ပြန်​ဟပ်​တတ်​တယ်​တဲ့။
Tae ရဲ့အချစ်​​တွေက Jung အ​ပေါ် မစစ်​မှန်​ခဲ့လို့များလား။
Jung ဆီက Tae ပြန်​ရတာ​တွေက အတုအ​ယောင်​​တွေနဲ့ ပြည့်​နှက်​​နေတဲ့ ​သွေးစိမ်းရှင်​ရှင်​ စိမ့်​ထွက်​​နေတဲ့ ဒီခန္ဓာကိုယ်​​ပေါ်က ဒဏ်​ရာ​တွေလား။
မှန်​ထဲမှာ မြင်​​နေရတဲ့ ရဲရဲနီ​နေတဲ့ ဒဏ်​ရာ​တွေအပြည့်​နဲ့ ခန္ဓာကိုယ်​က Jung တန်​ဖိုးထားစရာမ​ကောင်း​လောက်​​အောင်​ အကျည်းတန်​​နေခဲ့​လေ​သလား။
ဒီခန္ဓာကိုယ်​​ပေါ်က ဒဏ်​ရာ​တွေက Jung ​ပေးတဲ့ စိတ်​ဒဏ်​ရာ​တွေ​လောက်​​တော့ မနာကျင်​ပါဘူး​လေ။

ကျွန်​မက သူ့အတွက်​ မမြင်​ချင်​​လောက်​​အောင်​ စိတ်​ပျက်​ဖို့ သိပ်​​ကောင်း​နေခဲ့​လေသလား။
ရစရာမရှိ​အောင်​ နှိပ်​စက်​ခံရတဲ့ ဒီခန္ဓာကိုယ်​ကို Jung မမြင်​ချင်​ရင်​ ​ပျောက်​ကွယ်​သွား​ပေးမယ်​။
သူ့​ရှေ့မှာ ဆက်​ပြီး ရပ်​​နေဖို့ အင်​အားတို့ မရှိ​တော့တာ​ကြောင့်​ အတန်းဆက်​မတက်​​တော့ပဲ အိမ်​သို့ ချက်​ချင်းပြန်​လာမိသည်​။
ကျစ်​...ဒီမျက်​ရည်​​တွေအခုထိ မကုန်​ခမ်း​နိုင်​​သေးဘူးလား။
ငိုရပါများ​နေတဲ့ ဒီနှလုံးသား​လေးက သူ့​ပေးတဲ့ ဒဏ်​ရာ​တွေ​ကြောင့်​ ​ထက်​ခြမ်းကွဲသွားနိုင်​သည်​ဆိုရင်​ ကွဲ​နေ​လောက်​ပြီ။
ဘေစင်​မှ ​ရေအချို့ကို လက်​နဲ့ခံကာ ဒဏ်​ရာ​တွေကို ​ဆေးချကာ စပ်​ဖျင်းဖျင်းနဲ့ ပြင်းရှတဲ့ ခံစားမှုကို ဆက်​တိုက်​ခံစားရသည်​။
လည်​တိုင်​မှ သူဆွဲကိုက်​ထားတဲ့ သွားရာထင်​​နေတဲ့ ​သွေးစို့​နေတဲ့ ​ဒဏ်​ရာအချို့။
သူအရင်​က အမြတ်​တနိုး နမ်းရှိုက်​ဖူးတဲ့ ဒီနှုတ်​ခမ်းပါးမှာ သူကိုက်​ထားလို့ ​သွေး​တွေစီးထွက်​လို့​နေပြီ။
ပြဲ​နေတဲ့ လက်​​မောင်းနားက အကျီင်္ကို ဖယ်​ရှားကြည့်​​တော့ သူ့လက်​သည်းခြစ်​ရာ​တွေနဲ့ ကိုက်​ရာ​တွေ။
ဘေစင်​​ဘောင်​ကို ထိန်းကိုင်​ထားတဲ့ တုန်​ယင်​​နေတဲ့ လက်​တို့ အားမရှိ​တော့​ပေ။
သူ့​​ရှေ့က​နေ ထွက်​ခွာလာတဲ့ ဒီ​ခြေလှမ်းတို့။
ဒယိမ်းဒယိုင်​ဖြစ်​ခဲ့တာ သူမသိဘူး။
ထိ​န်းကိုင်​ထားတဲ့ လက်​​တွေက အား​တွေ ရုတ်​ချည်းယုတ်​​လျော့သွား​လေသည်​နှင့်​ ​ကြမ်းပြင်​​ပေါ်သို့ ထိုင်​လျက်​လဲကျသွားခဲ့သည်​။
သူ့လက်​နဲ့ ဆုတ်ြ​ဖဲခံထားရတဲ့ အကျီင်္​စ​တွေကို ကျွန်​မလက်​နဲ့ ကိုယ်​တိုင်​ တစစီ ဆွဲဖြဲမယ်​။
သူ့လက်​နဲ့ ကုတ်​ခြစ်​ထားတဲ့ ဒီပုခုံးနဲ့ လက်​​မောင်းက ဒဏ်​ရာ​တွေကို ကျွန်​မလက်​နဲ့ကိုယ်​တိုင်​ အသား​တွေ ပဲ့ပါသွားတဲ့အထိ ဆွဲစုတ်​ပစ်​မယ်​။
ဒီလည်​တိုင်​က နီရဲ​နေတဲ့​ဒဏ်​ရာ​တွေကို ကျွန်​မလက်​သည်း​တွေနဲ့ ထပ်​ကုတ်​ခြစ်​ကာ အသားထဲမှ ​သွေး​တွေစိမ့်​ထွက်​လာ​အောင်​လုပ်​မယ်​။
နာကျင်​တယ်​။
မဆိုစ​လောက်​ပါပဲ။
သူ​ပေးတဲ့ စိတ်​ဒဏ်​ရာ​တွေ​လောက်​​တော့ မနာကျင်​ပါဘူး​လေ။

Fake Love [Completed]Where stories live. Discover now