Ep7

5.8K 459 10
                                    

Fake love(Ep7)💔

"နှစ်​​ယောက်​လုံး အခုချက်ချင်း ​​အခန်းပြင်​ထွက်​​နေ"

"ဟို..ဆရာမ.."

"အခုချက်​ချင်း!!"

...........

ဒူး​ထောက်​​နေရင်း လက်​က​မြှောက်​ထားရ​သေးသည်​...
အခန်းရဲ့ အ​ရှေ့ဘက်​​​ကော်ရစ်ဒာ​​မှာမို့ သူတို့ ဒူး​ထောက်​​နေရာက​နေ ​ရှေ့တည့်​တည့်​ကို ​မော့ကြည့်​ရင်​ ​နေ​ရောင်​က ဆူးခနဲ..
မျက်​စိရုတ်​တရက်​ ဆူးသွားတာ​ကြောင့်​ မျက်​လုံး​တွေကို ဖြတ်​ခနဲပိတ်​ချလိုက်​သည်​..

စက္ကန့်​ပိုင်း​လောက်​အကြာ မှိတ်​ထားတဲ့ မျက်​လုံးအစုံမှ..တစ်​ဖက်​ကို ခပ်​သာသာဖွင့်​ကြည့်​မိသည်​..

"ဟင်​!!"

ကိုယ့်​မျက်​နှာ​ပေါ်​ရောက်​​နေတဲ့ ခပ်သွယ်​သွယ်​လက်​​ချောင်း​တွေနဲ့ လက်​ဖျံကြီးတစ်​ခုကို ​ငေးကြည့်​မိရင်း..
ထိုလက်​ပိုင်​ရှင်​ကို လှည့်​ကြည့်​လိုက်​သည်​..

"​နေ​ရောင်​ဆူး​နေတယ်​​လေ"ဟု ဆိုပြီး တစ်​ချက်​ပြုံးပြကာ သူ​ပြောသည်​.

ဆူးရှတဲ့​နေ​ရောင်​ခြည်​ကို သူ့လက်​နဲ့ကာပြီး ​တောက်​ပတဲ့ ​သူ့အပြုံးကို​ပေးသည်​က သူမကို တစတစ ရင်​ခုန်​သံ​တွေမြန်​​စေသည်​ ..

"​ကျေးဇူးပဲ"

"ဟင်​..ဘာကိုလဲ"

"ငါနဲ့အတူ ဒူး​ထောက်​​နေ​ပေးလို့"

"ရပါတယ်​..Tae ရဲ့အသက်​ကို​တောင်​ကယ်​​ပေးထားတဲ့ဟာကို"

"နာမည်​က Kim Tae Tae လား¿"

"ဟင်​ Jungkook က ဘယ်​လိုသိ¿"

"ဟဟ...ကိုယ့်​နာမည်​ကျ​တော့ ဘယ်​လိုသိလဲ¿"

"ဟင်​..အဲ့..အဲ့တာက မနက်​​ကျောင်းတက်​လို့ နာမည်​စာရင်း​ခေါ်တုန်းက.."

"ကိုယ်​လည်း တူတူပဲ"

ပထမဆုံး..သူနဲ့စရင်းနှီးခဲ့သည်​...
အဲ့အချိန်​က သူ့အပြုံး​တွေ လှခဲ့သ​လောက်​...
နောက်​ကွယ်​မှာ ခက်ထန်​​​​မှု​တွေ ခိုပုန်း​နေခဲ့တာကို မသိခဲ့..

Fake Love [Completed]Where stories live. Discover now