Ep10

5.5K 434 7
                                    

Fake Love(Ep10)💔

ကျောင်း​လေ့လာ​ရေးခရီးက ရပ်​​ဝေးက​တောရွာ​လေး၏ ​ကျောင်း​လေးတစ်​ခုက ဘွဲ့ရပညာတတ်​ပာ​မောက္ခဆီက တစ်​ဆင့်​ သွား​လေ့လာရသည်​.
တစ်​​နေကုန်​ ​​ဇီဝ​ဗေဒပညာရပ်​နဲ့ပတ်​သတ်​သည်​များကို ပါ​မောက္ခကြီးထံမှ ​သေချာ​လေ့လာပြီး ရွာ​လေးရဲ့ ​တောအုပ်​ထဲကို ​လျှောက်​ပတ်​ကာ အပင်​မျိုးစိတ်​အသစ်​အ​ကြောင်း​တွေ ​လေ့လာခဲ့ရသည်​..

အချိန်​​တွေကုန်​ဆုံးပြီး ည​နေခင်း ​နေ၀င်​ချိန်​​ရောက်​တဲ့ အခါ ​ကျောင်းသားများအားလုံး အ​ဆောင်​​ ကိုယ်​စီသို့ ၀င်​သွားခဲ့ကြသည်​...
မိန်းက​လေးအ​ဆောင်​နှင့်​ ​ယောက်ျား​လေးအ​ဆောင်​ ဟူ၍ရှိရာ..တစ်​​ဆောင်​နဲ့တစ်​​ဆောင်​မှာ မဆိုသ​လောက်​ အလှမ်း​ဝေးသည်​.

ည​နေတည်း​က မိန်းက​လေးအုပ်​စု ​ယောက်ျား​လေးအုပ်​စုဆိုပြီး ခွဲ​လေ့လာခဲ့ရာ..
အခုထိ Jungkook တစ်​​ယောက်​ Tae ကို မ​တွေ့ရ​သေး..
ည​နေနားချိန်​ပြီးတည်းက လိုက်​ရှာ​နေခဲ့တာ..
စိတ်​ကဘာ​ကြောင့်​မှန်းမသိ...သူမကို သူအရမ်း​တွေ့ချင်​​နေသည်​..
သူမကို ​တွေ့ချင်​လွန်းလို့ ထိန်းမရတဲ့စိတ်​တို့နဲ့အတူ ​ယောက်ျား​လေးအ​ဆောင်​နဲ့ အလှမ်း​ဝေးတဲ့ မိန်းက​လေးအ​ဆောင်​သို့ ညဘက်​ကြီး ဖုန်းမီးအလင်းကို အားပြုကာ Tae ဆီလာရှာခဲ့သည်​..
သို့​​သော်​..အခုချိန်​ထိ Tae တစ်ေ​ယာက်
မိန်းက​လေးအ​ဆောင်​ထဲ ​​ရောက်​မလာ​သေးသည်​ကို သိလိုက်​ရတာ​ကြောင့်​ တစ်​​ယောက်​တည်း ​ခေါင်းမီး​တောက်​သလိုပင်​ ပူထူသွားသည်​..
အခုဖြင့်​ ည၉နာရီထိုး​တော့မယ်​.
Tae တစ်​​ယောက်​ အ​ဆောင်​ကို ပြန်​​ရောက်​မ​ရောက်​​တောင်​ သတိမထားမိကြတဲ့သူ​တွေကို သူအင်​မတန်​​ဒေါသထွက်​မိသည်​.
ဒီ​ကောင်​မ​လေးကလည်း အခုထိ ပြန်​မလာ​သေးဘဲနဲ့..ဘယ်​သွား​နေတာလဲကွာ..

.....................
တောလမ်းအနည်းငယ်​ကို ဖြတ်​ကာလာရသည့်​ အများသုံးသန့်​စင်​ခန်းထဲ ​ဘေစင်​တစ်​ခုမှာ မျက်​နှာသစ်​​အပြီး ​ရေစို​နေတဲ့မျက်နှာကို​တစ်​ရှူးနဲ့သုတ်ေ​နတဲ့ Tae တစ်ေ​ယါက်​မှ​ကျေနပ်​သံတစ်​ခုထွက်​​ပေါ်လာသည်​.

Fake Love [Completed]Where stories live. Discover now