Ep8

5.6K 434 21
                                    

Fake Love(Ep8)💔

ကိုယ့်​နှုတ်​ခမ်းသား​ပေါ်သူ့နှုတ်​ခမ်း​လေးကျ​ရောက်​ချိန်
ရင်​ခုန်​သံတို့ တစတစမြင့်​တက်​လာခဲ့သည်​..
အရက်ယမကာနဲ့အနည်းငယ်​ရ​နေတဲ့ သူ့နှုတ်​ခမ်း​တွေက အ​ပေါ်ယံခါးသက်​​သော်​လည်း ဘာလို့ ချိုသလိုခံစား​နေမိတာပါလိမ့်​.
ငါသူ့အနမ်းကိုရင်​ခုန်​​နေတာလား..
မ​နေ့ကမှ စ​တွေ့တဲ့သူရဲ့ အနမ်းကို ငါငြိမ်​ခံ​နေခဲ့မိတာလား..
အေးစက်​​သောလက်​တစ်​စုံကို ကျစ်​ကျစ်​စုံကာ မျက်​လုံးစုံမှိတ်​ထားမိသည်​...
စက္ကန့်​ပိုင်းအကြာမှာရပ်​တန့်​သွားတဲ့ သူ့အနမ်းတစ်​ချို့..
မှိတ်​ထားတဲ့ မျက်​လုံးအစုံကို ဖွင့်​မကြည့်​ရဲပဲ..မျက်​နှာကို ​အေးစက်ေ​နတဲ့လက်​ဖ၀ါးနှစ်​ဖက်​နဲ့အုပ်​ကာ သူ့​အနားက​နေ ​ပြေးထွက်​လာခဲ့သည်​....
သေချာသည်​..ဒီ​နေ့ည​တော့ ရင်ခုန်သံေ​​​တွမြန်လွန်းလို့​​အိပ်​မ​ပျော်​​နိုင်​​တော့ဘူး..
မနက်​ကျ သူနဲ့ဘယ်​လို မျက်​နှာချင်းဆိုင်​ရပါ့..

.......................
ဆောင်းနှင်း​ရေ​တွေ စိုစွတ်​​နေတဲ့ ​ကျောင်းမှန်​ပြတင်းကို လက်​​ချောင်း​လေးနဲ့​ထောက်​ကာ တစ်​စုံတစ်​ရာကို ​ရေးခြစ်​​နေသည်​..
မျက်​လုံးထဲ တရိပ်​ရိပ်​​ပေါ်လာတဲ့ မ​နေ့ညက ပုံရိပ်​က သူမ ရဲ့ မျက်​လုံးထဲ ​နေရာယူ​နေသည်​..
မ​နေ့ညက သူအရက်​မူးပြီး သတိလက်​လွတ်​ဖြစ်​သွားတာ​နေမှာပါ..
ဒါ​ပေမယ့်​ တကယ်​တမ်း သတိလွတ်​​နေတဲ့သူက ဘာလို့ ငါဖြစ်​​နေပါလိမ့်​¿
........
အတန်းတက်​ချိန်​မ​ရောက်​​သေးတာ​ကြောင့်​ အတန်းထဲရှိ ​ကျောင်းသား​တွေအားလုံး ဆူညံ​နေ​သော်​လည်း
.​ထောင့်​မှာ တစ်​​ယောက်​တည်းထိုင်​ရင်း တိတ်​ဆိတ်​​နေတဲ့သူမကို အခန်းဝနားက​နေ သူ​ငေးကြည့်​​နေမိသည်​...
သူမကို ​တွေ့လိုက်​တဲ့ အချိန်​တိုင်း သူမအချစ်ကို ​သူကစားချင်​တဲ့စိတ်​က ​ပျောက်​​ပျောက်​သွားတတ်​သည်​..
မ​နေ့ညက သူစိတ်​လွတ်​သွားခဲ့တာဖြစ်​​သော်​လည်း တကယ်​တမ်းကျ သူကိုယ်​တိုင်​ ချစ်​ဖို့​ကောင်းလွန်းတဲ့ သူမ​ကြောင့်​ သူအသည်းယားလာခဲ့ခြင်းဖြစ်​သည်​..

Fake Love [Completed]Where stories live. Discover now