Zawgyi ver
"ကောင်လေး... ငါမင်းကိုနမ်းချင်တယ်"
Taehyung သူ့မျက်နှာနားတိုးကပ်ကာသူ့နှုတ်ခမ်းကိုစိုက်ကြည့်ရင်းပြောလိုက်သော Jungkook စကားကြောင့်ကြောင်တောင်တောင်ဖြစ်သွားသည်။
တိုးကပ်လာသော Jungkook မျက်နှာကိုသာငေးမိနေသောကြောင့်ဘာပြောလိုက်တယ်ဆိုတာပင်သေချာမကြားမိပါ။
နှုတ်ခမ်းတစ်ခုလုံးကနွေးထွေးသွားသည့်ခံစားချက်
'ဒါ.........ဒါ သူ့ကို Jungkook နမ်းလိုက်တာလား'
နှုတ်ခမ်းတစ်ခုလုံးနွေးထွေးသွားရုံနှင့်တစ်ကိုယ်လုံးမီးနှင့်လောင်မြိုက်သလိုပူလောင်လာသည်ဆိုပါကပိုမည်ဟုထင်ကြတော့မည်။
ရင်တစ်ခုလုံးသိမ့်ကနဲ့သိမ့်ကနဲလှိုက်မောရပါသည်။Jungkook သူ့ကိုနမ်းလိုက်သည့်အချိန်တွင်ပင်Taehyung သူ၏နှလုံးသားတဒိတ်ဒိတ်တိုး၍ခုန်နေရသည့်အကြောင်းသိရှိလိုက်ပါသည်။
သူJungkook ကိုချစ်မိသွားပြီ
Taehyung သူ့အပေါ်ကျရောက်လာသည့်အနမ်းများကိုငြင်းဆန်နိုင်စွမ်းမရှိပါ။လူတစ်ကိုယ်လုံးလည်းအရိုးများမရှိတော့သလိုပျော့ခွေနေပြီဟုတောင်ထင်မိသည်။
ချစ်ရသူပေးသောအကြင်နာများကိုဘယ်လိုအင်အားဖြင့်Taehyungငြင်းနိုင်မှာလဲ။
Jungkookသည်ရည်းစားရှုပ်သည်ဟု ကြားဖူးပါသည်။ကြားရုံတင်မကမျက်စိရှေ့မှာတစ်ယောက်ပြီးတစ်ယောက်ထည်လဲတွဲနေတာကိုလည်းမြင်ခဲ့ဖူးပါသည်။အဲ့တုန်းကဘာမှမဆိုင်သေးသ၍ဂရုမစိုက်မိသလောက်အခုတော့နာကျင်ရပါသည်။
သူကရောအပျော်များထဲမှအပျော်ဖြစ်နေဦးမည်လား။Jungkook သာသူ့ကိုချစ်နိုင်မယ်ဆိုရင် Jungkookလက်ကိုဆွဲကာ ရဲရဲဝံ့ဝံ့လျှောက်သွားနိုင်ပါသည်။
ယောကျာ်းလေးနှစ်ယောက်ချစ်ကြိုက်ကြခြင်းကို လူအများလက်ခံကြသလို သူလည်းလက်ခံနိုင်သည်။
လက်ခံလို့ပင်လျှင် Jungkook လိုမျိုးယောကျာ်းပီသသောသူတစ်ယောက်ကိုချစ်မိသွားပြီမလား။
Jungkook ကရောယောကျာ်းလေးတွေတွဲပေမယ့် အိမ်ထောင်ဖက်ကိုရော ယောကျာ်းလေးကိုရွေးပါ့မလား။
YOU ARE READING
TRUST ✔
Romanceလောကဓံရဲ့အလှည့်အပြောင်းတွေထဲ ကိုယ့်လက်ကိုတွဲထားပါ။ပန်းခင်းလမ်းကိုခေါ်သွားပေးမယ်ဆိုတာ ယုံ..... -Taekook Published : August 2018 Completed : April 2019 Cover made by Yeontannie_omma 💙