5

6.2K 563 12
                                    

Zawgyi ver

" ခင်ဗျားနှုတ်ခမ်းကနမ်းလို့ကောင်းတယ်ရယ် ဂျယ်လီလေးလိုပဲ တစ်နေ့နှစ်ခါနမ်းလို့မရဘူးလား ဟင်.........ဟင် နမ်းခွင့်ပေးမယ်မလား"

'ဒီကောင်လေးငါ့ကိုရူးသွားအောင်ပြုစားနေသလား သူပြောလိုက်တဲ့စကားတွေကြားမှာဘာလို့ရင်ဘတ်ကြီးကထထခုန်နေတာလဲ'

Jungkook ကိုတခြားတစ်ယောက်သာဒီလိုစကားပြောလာပါကစိတ်ပျက်မိမှာပါ။နီးရာပစ္စည်းနဲ့ပင်ကောက်ပေါက်မိမည်ဟုတောင်ထင်သည်။

ဒီကောင်လေးပြောလာတော့ရင်ထဲတွင်တသိမ့်သိမ့်ကြည်နူးမိသလိုလို လက်တွင်ပင်ချွေးပြန်လာသလိုလို မရိုးမယွခံစားရသည်။

ဦးနှောက်ငြင်းရန်ပြောနေသော်လည်း နှလုံးသားကမူ ငြင်းဆန်ရန်မေ့လျော့နေသည်။ချက်ချင်းကြီးလည်းနမ်းခွင့်မပေးချင်ပါ။

ကိုယ်ကသူ့ကိုကြိုက်နေတယ်ထင်ရော့မည်။အသဲကွဲပြီးနောက်အချစ်ကိုစိတ်ကစားစရာလို့ပင်သဘောထားသည့်သူ့အတွက်နမ်းတာမျိုးလောက်ကတော့စာမဖွဲ့သာပါ။

နမ်းတာထက်ကျော်လွန်သောအရာများကိုပင်လုပ်ဖူးခဲ့သည်။ပြီးပြီးချင်းမေ့လျော့ပစ်ခဲ့သည်။စိတ်ထဲစွဲထင်နေအောင်လည်းတန်ဖိုးမှမရှိခဲ့ပဲလေ။

တစ်ယောက်ချစ်ဦးသူကတော့ စွဲထင်စရာဖြစ်ခဲ့ပါသည်။ချစ်ဦးသူ၏ စိတ်ထဲဝင်ရောက်ခဲ့ပုံကအဝတ်စမှာစွန်းထင်းနေသောဆေးစက်လိုပင်။ဖျက်၍ပင်ပျက်သော်လည်းအရောင်တော့ကျန်ခဲ့သေးသည်။

ဒီဖြူစင်တဲ့ကောင်လေးကိုတော့အခြားတွဲခဲ့ဖူးသောသူတွေလိုတန်ဖိုးမရှိ ပစ်စလက်ခတ်မလုပ်ရက်ပါ။ထိရက်စရာမရှိအောင် ဖြနုနေသောကောင်လေးကို ပန်းလေးလိုပင် ပဲ့ကြွေသွားမည့်အဖြစ်မျိုး သူမလုပ်နိုင်ပါ။ဒီခံစားချက်ကို မခံစားဖူး၍မသိပါ သိလည်းမသိချင်ပါ။

"မင်းကွာ……မုန့်တောင်းနေတဲ့ကလေးလိုပဲ အခြားလူတွေကိုအဲ့လိုသွားမပြောနဲ့နော်

အဟင်း……ငါကတော့စိတ်သဘောထားပြည့်ဝသူမို့ မင်းတောင်းဆိုတာလိုက်လျောပေးမယ် မင်းမို့လို့မဟုတ်ဘူးနော်

TRUST  ✔Where stories live. Discover now