22

4.7K 418 72
                                    

Zawgyi ver

Jungkook နိုးလာတော့ Taeကသစ်​ပင်​ကိုမှီကာ အိပ်​နေသည်​လေ~~

ရွှေရောင်​ပြေးနေသော လိမ္မော်​ရောင်​ကောင်းကင်​က ညနေစောင်းနေပြီဖြစ်​ကြောင်း
အရိပ်​အမြွက်​ပြနေသည်​။

ခေါင်းတင်​ထားသော Tae ပေါင်​ပေါ်မှ အသာထလိုက်​ကာ

ခေါင်းလေးစောင်းပြီး အိပ်​နေသော မြတ်​နိုးရသူရဲ့ မျက်​နှာတော်​အား အချိန်​ကြာမြင့်​စွာ ရှုစားမိနေပြန်​သည်​။

ပတ်​၀န်းကျင်​မှာ ဖြန့်​ကျက်​နေတဲ့ လိမ္မော်​ရောင်​အရောင်​အဆင်းတို့က မြတ်​နိုးရသူ၏ မျက်​နှာနုနုအား လာရောက်​ထင်​ဟပ်​သည်​။

တိမ်​တောက်​တဲ့အချိန်​မှာ အကျည်းတန်​သူတွေ
တောင်​လှကြသည်​တဲ့။

တန်​ဖိုးထားရသူ၏ ညိုစိမ့်​စိမ့်​မျက်​နှာလေးက တစ်​သက်​လုံးထိုင်​ကြည့်​နေရရင်​တောင်
မငြီးငွေ့ဖွယ်​~~

ပါးဖောင်းဖောင်းလေးကိုတစ်​ချက်​နမ်းရှိုက်​လိုက်​တော့ အအိပ်​ဆတ်​တဲ့ကလေးက အိပ်​ချင်​မူးတူးမျက်​၀န်းများဖြင့်​မော့ကြည့်​လာခဲ့သည်​။

" Ilsan သွားရအောင်​လေ Hotel ရောက်​မှဆက်​အိပ်​နော်​"

" ဟုတ်​"

ထိုအချိန်​အနီရောင်​ပြေး နှုတ်​ခမ်းပါးအိအိတို့က ညာဘက်​ပါးပေါ်လာရောက်​ထိကပ်​ချိန်​မှာ
ဘယ်​ဘက်​ရင်​အုံက ငြိမ့်​ငြိမ့်​လေးတုန်​ခါသည်​။

ချစ်​ရသူ အသည်းအသက်​လေးက ကလေးလေး
တစ်​ယောက်​လိုလည်း ချွဲတတ်​ပြန်​သေးတာ ~~

" ချွဲနေလိုက်​တာကွာ "

" ဟွန့်​မချစ်​တော့ဘူးလား အချွဲလေးကို "

စိတ်​ကောက်​ချင်​ယောင်​ဆောင်​နေသော Taeရဲ့ မျက်​၀န်းထဲများတွင်​တော့ ရယ်​မြူးရိပ်​များသာ

" ပိုချစ်​တာပေါ့ကွာ လာပါဦး အချွဲလေးရယ်​"

ခြေဆင်းကာထိုင်​နေသော Tae ကို လက်​ကနေဆွဲထူလိုက်​ပြီး ကိုယ်​လုံးပြည့်​ပြည့်​လေးကို သိမ်းကျုံး
ပြီးဖက်​ထားလိုက်​သည်​။

TRUST  ✔Where stories live. Discover now